Android OS တွင် မကြည့်ဖြစ်လိုက်သည့် ဖုန်းမှ အသိပေးချက်များ ဖော်ထုတ်ကြည့်ရှုခြင်း

ဖုန်းကို သာမန်ဖုန်းပြောရုံ၊ သီချင်းနားထောင်ရုံ၊ အင်တာနက် အသုံးပြုရုံသာမကဘဲ နေ့စဉ်လုပ် ငန်းခွင်ဆိုင်ရာ လုပ်ဆောင်မှု ဖြစ်တဲ့  အီးမေးလ်စစ်ခြင်း၊ လုပ်ငန်းဆိုင်ရာ အမှာစာများ လက်ခံခြင်း၊ အချိန်အမျှ ပြောင်းလဲဖြစ်ပေါ် လျက်ရှိသော သတင်းအချက်များကို စောင့်ကြည့်ခြင်း စတာတွေကိုပါ ဖုန်းကနေ  နေ့စဉ်အသုံးပြုနေတဲ့ သူတွေအနေနဲ့ ဖုန်းရဲ့ Application စနစ်တွေကနေ အလိုအလျောက် အသိပေးမှု (notic) တွေ အချိန်နဲ့အမျှ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ တစ်ချိန်တည်းမှာ အသိပေးချက်များစွာ (Notifications) ကို ကြည့်ရှုပြီး လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်တာ ဖြစ်တဲ့အတွက် တချို့သော မကြည့်ဖြစ်လိုက်တဲ့ အသိပေးချက်ကို မိမိအားလပ်ချိန်တွေမှာ အလွယ်တကူ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်ဖို့အတွက် ရေးသားဖော်ပြ ပေးလိုက်ပါတယ်။ ဒီလိုမျိုး မကြည်ဖြစ် လိုက်သေးတဲ့ အသိပေးချက် (notifications) တွေကို  အလွယ်တကူ ပြန်လည်ရှာဖွေ နိုင်တဲ့စနစ်ကို Android OS 4.3 (Jelly Bean) အထက် Version တွေမှာ Notification log Shortcut တစ်ခု အနေနဲ့ ထည့်သွင်းကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြ ပေးထားတာကတော့ Google Nexus 7 ဖြစ်ပါတယ်။ Android OS 5.1.1 (Lollipop) version ဖြစ်ပါတယ်။ Android OS 4.3 (Jelly Bean) အထက်ရှိပေမယ့် တချို့သော ဖုန်းတွေမှာ Settings widget စနစ် မပါဝင်ပါဘူး။ အဲလိုမျိုး OS စနစ်ကနေ အထောက်အပံ့ မပေးဘူး ဆိုရင်တော့ Third Party App တစ်ခု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ App ကိုတော့ အခုဖော်ပြလိုက်တဲ့ ရေးသားချက်ရဲ့ နောက်ဆုံးမှာ ထည့်သွင်းရေးသား ဖော်ပြပေးထား ပါတယ်။

ဖုန်းကနေ မကြည့်ဖြစ်လိုက်တဲ့ အသိပေးချက်တွေကို ပြန်လည်ကြည့်ရှုဖို့ Noti-fication log shortcut တစ်ခု ဖန်တီးဖို့အတွက် ဦးစွာဖုန်းရဲ့ Home screen အောက်ဖက်ဘောင်နားက Apps icon ကိုနှိပ်ပါ။

App စနစ်ထဲကို ရောက်သွားပြီဆိုရင်တော့ Apps စနစ်ရဲ့ဘေးက WIDGETS ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။

WIDGETS စနစ်ထဲကမှ Settings shortcut ဆိုတာကို ရှာဖွေလိုက်ပါ။ Settings shortcut icon ကို တွေ့ရင်တော့ icon ကို Home screen ပေါ်လာတဲ့အထိ လက်နဲ့ဖိထားပြီး Home screen ပေါ်ကို ဖိဆွဲလိုက်ပါ။

ဖုန်းမြင်ကွင်းပေါ်ကနေ လက်ကို ဖယ်လိုက်တာနဲ့ တစ်ပြိုင် နက်တည်း Settings shortcut စနစ်က ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ဘာကို Shortcut အနေနဲ့ထားရှိ အသုံးပြုမှာ လည်းဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် Settings shortcut ကို ဖုန်းကနေ အလိုအလျောက် ဖော်ပြပေးတာ ဖြစ်ပါတယ်။ Settings shortcut စနစ်ထဲကမှ Notification log ဆိုတာကို ရွေးချယ်လိုက်ပါ။

Notification log ကို ရွေးချယ်လိုက်တဲ့ အခါမှာတော့ ဖုန်းရဲ့ Home screen ပေါ်မှာ Notification log shortcut တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။

Notification log shortcut ကိုနှိပ်ပြီး ဖွင့်လိုက်မယ်ဆိုရင်တော့ ဖုန်းကနေ နာရီအလိုက် မှတ် သားထားပေးတဲ့ အသိပေးချက် (notifications) တွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

အခုဆက်လက်ပြီး Third Party လို့ခေါ်တဲ့ Android Application ဆော့ဖ်ဝဲကို အသုံးပြုပြီး ဖုန်းရဲ့ အသိပေးချက်ကို ကြည့်ရှုဖို့အတွက် ဆက်လက်ဖော်ပြ ပေးမှာဖြစ်ပါတယ်။ ဦးစွာ Google PlayStore ကနေ အခမဲ့ရယူနိုင်တဲ့ Notification Saver ဆိုတဲ့ App ကို အောက်က လင့်ခ်ကနေ ဒေါင်းလိုက်ပါ။

https://goo.gl/D6dnHl

ဒီ Notification Saver ကို တော့ Android OS version 4.4  နဲ့အထက် ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ App ကလည်း Setting shortcut စနစ်လိုမျိုး ဖုန်းကနေ အသိပေးချက်တွေကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။ App ကို ဖုန်း ထဲ Install ပြုလုပ်ပြီးပြီဆိုရင်တော့ ဖုန်းမှအသိပေးချက်တွေကို အခုလိုမျိုးမြင်တွေ့ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။