LG K 10 စမတ်ဖုန်းအသစ် မတ်လတွင် ပြည်တွင်းဈေးကွက် ရောက်ရှိမည်

LG-K10(01).jpg

LG မှ ပြည်တွင်းဈေးကွက်သို့ အသစ် တင်သွင်းရောင်းချ မည်ဖြစ်သော LG K10 စမတ်ဖုန်းအား လာမည့် မတ်လအတွင်းတွင် ပြည်တွင်း ဈေးကွက်သို့ စတင် တင်သွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစမတ် ဖုန်းသည် LG ၏ ဒီဇိုင်းဆန်းသစ် ထားသော စမတ်ဖုန်း အမျိုးအစား တစ်ခုဖြစ်ပြီး K 10 အား အဖြူနှင့် အနက် အရောင် နှစ်မျိုးတင်သွင်းရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

K 10 သည် ဈေးနှုန်း အလယ် အလတ်တန်းစား စမတ်ဖုန်းမျိုး အစားတစ်ခုဖြစ်ပြီး ၎င်းတွင် Quad-core 1.2 GHz Cortex-A53 – K420N CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်အတွက် Adreno 306 – K420N GPU နှင့် မှတ်ဉာဏ် 8GB, RAM 1GB ပါဝင်လာမည် ဖြစ်သည်။ 5.3 လက်မအရွယ်အစားရှိသော IPS LCD Screen ကို အသုံးပြုထားပြီး 8 Mega Pixel နောက်ဘက်ကင်မရာနှင့် 5 Mega Pixel ရှေ့ကင်မရာများ ပါဝင်လာမည် ဖြစ်သည်။

နောက်ပိုင်းထွက် LG စမတ် ဖုန်းများ၏ ဖွဲ့စည်းပုံအတိုင်းပင် ပါဝါခလုတ်နှင့် Volume Key များမှာ ဖုန်း၏ ကျောဖက်ကာဗာပေါ်တွင် တပ်ဆင်ထားမည်ဖြစ်ပြီး  LG ၏ Knock Code စနစ်နှင့် အခြားဝန်ဆောင်မှု စနစ်များ Quick Cover စနစ်များကိုလည်း မြင်တွေ့ နိုင်မည်ဖြစ်သည်။ K 10 အား ကျပ်နှစ်သိန်း ကျော်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ပြီး ဝယ်ယူ အသုံးပြုသူများအတွက် Original Screen Guard နှင့် Book Cover များကို လက်ဆောင်အဖြစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။