43”LG Smart TV

43”LG-Smart-TV-.jpg

LG မှ အသစ်ဝင်ရောက်လာသည့် UF680T မော်ဒယ် Smart TV တွင်  XD Engine Chipset ကို တိုးမြှင့်ထားသောကြောင့် 2D နှင့် 3D ရုပ်ရှင်များကို အကောင်းဆုံး ရုပ်ထွက်များဖြင့် ကြည့်ရှုနိုင်မည်ဟု သိရသည်။ ထောင့်ချိုးပုံစံဖြင့် TV ကို ပြုလုပ်ထားပြီး သတ္တုကိုယ်ထည်ဒီဇိုင်းဖြင့် တည်ဆောက်ထားသည်။ Time Machine စနစ်ပါဝင်သည့်အတွက် မိမိနှစ်သက်သော အစီအစဉ်များကို ရပ်ထားခြင်း၊ ပြန်လည်ကြည့်ရှုခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ Virtual Surround Plus ကြောင့် သဘာဝအကျဆုံး အသံပတ်လည်ပြေးစနစ်ဖြင့် ရုပ်ရှင်ရုံကဲ့သို့ အိမ်အတွင်း ခံစားနိုင်မည်ဟု သိရသည်။ Web OS 2.0 Smart TV နည်းပညာဖြင့် ဖျော်ဖြေမှု၊ ဆက်သွယ်မှုများကို အခြားသောအွန်လိုင်းအဆက်အသွယ်များဖြင့် လွယ်ကူစွာ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၆၉၉,ဝဝဝ ကျပ်ဖြစ်ပြီး LG Showroom ဖုန်း ၀၁-၃၇၉၉၅၄ နှင့် ၃၇၉၉၅၅ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။