Brand New Hyundai ကားမော်ဒယ်လ်နှစ်မျိုးအား Test Drive အစီအစဉ် ပြုလုပ်မည်

Brand-New-Hyundai.jpg

Hyundai Motor Myanmar Showroom သည် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် Hyundai Motor Company ၏ မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ် ဖြစ်ပြီး အဆင့်မြင့် Brand New Hyundai အိမ်စီးကားများကို တင်သွင်းရောင်းချလျက်ရှိရာ Hyundai Showroom ၏ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် Brand New Hyundai ကားမော်ဒယ်နှစ်မျိုးအား စမ်းသပ်မောင်းနှင်နိုင်မည့် Test Drive အစီအစဉ်ကို ဒီဇင်ဘာလမှ စတင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Test Drive အစီအစဉ်တွင် စမ်းသပ်မောင်းနှင်နိုင်မည့် ကား အမျိုးအစားများမှာ Brand New Hyundai Elantra (Saloon) နှင့် i-30 (Hatchback) တို့ ဖြစ်သည်။

Elantra နှင့် i-30 သည် အင်ဂျင်ပါဝါ ၁.၆ စီစီရှိ အော်တိုဂီယာ ၅ ချက်ထိုးဓာတ်ဆီကား အမျိုးအစားများ ဖြစ်သည်။ အဆိုပါ ကား (၂) မျိုးစလုံးမှာ နိုင်ငံတကာတွင် အောင်မြင်မှု ရယူထားနိုင်သည့် ကားများဖြစ်ပြီး Elantra မှာ ကမ္ဘာ့သမိုင်းတစ်လျှောက်အ စီးရေ (၁၀) သန်းကျော် စံချိန်တင် ရောင်းချထားရသည့် ကားအမျိုး အစား (၁၀) မျိုးသာ ရှိသည့် အနက် တစ်စီးအပါအဝင်ဖြစ်သည်။ i-30 မှာလည်း Australia နိုင်ငံ၏ အကောင်းဆုံး ကားဆု၊ Turkey နိုင်ငံ၏ တစ်နှစ်တာ ကားဆု အစရှိသည့် ဆုအများအပြားကို ရယူထားနိုင်သော ကားအမျိုးအစား ဖြစ်သည်။

Hyundai Motor Myanmar Showroom တွင် Test Drive  အစီအစဉ်အား ဒီဇင်ဘာလမှ စတင်၍ ပိတ်ရက်မရှိ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ယာဉ်မောင်းလိုင်စင်ရှိသော မည်သူမဆို Showroom သို့ လာရောက် စမ်းသပ် မောင်းနှင်နိုင် ကြောင်း သိရသည်။ Brand New Hyundai Elantra နှင့် Hyundai i-30 တို့ အား စမ်းသပ်မောင်းနှင်လိုသူများ အနေဖြင့် စာရင်းပေးသွင်းထားနိုင် ပြီဖြစ်ပြီး www.facebook.com/hyundaimm သို့ဖြစ်စေ၊ info@hyundaimm.com သို့ဖြစ်စေ၊ Test Drive Hotline ဖုန်းနံပါတ် ၀၉၂၅၂၁၈၃၁၁၃ သို့ဖြစ်စေ ကြိုတင်စာရင်းသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံ လမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း ၀၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။