Reactions ကို ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူအားလုံး အသုံးပြုနိုင်ပြီ

160223065752-facebook-reactions-global-example-780x439.jpg

Like ခလုတ်တွင် “Love,” “Haha,” “Wow,” “Sad,” နှင့် “Angry” ခလုတ်သစ်ငါးခု ပါဝင်သော Reactions ကို ယခုအခါ Facebook သုံးစွဲသူ မည်သူမဆို အသုံးပြုနိုင်ရန် ဖြန့်ချိလိုက်ကြောင်း သိရသည်။

Facebook ကို ဖုန်းတွင် သုံးစွဲသူများသည် Like ခလုတ်ကို ဖိထားခြင်းဖြင့် ခလုတ်သစ်များကို အသုံးပြုနိုင်မည် ဖြစ်သည်။

ကွန်ပျူတာပေါ်မှ သုံးစွဲသူများက Like ခလုတ်တွင် mouse ကို တင်ထားခြင်းဖြင့် အဆိုပါ ခလုတ်သစ်များကို တွေ့မြင်နိုင်သည်။

Facebook သုတေသီများ၊ အင်ဂျင်နီယာများနှင့် ထုတ်ကုန်အဖွဲ့များသည် Reactions ကို စတင်ဖြန့်ချိနိုင်ရန် တစ်နှစ်ကျော်ခန့် ပြင်ဆင်ခဲ့ရသည်။ ၎င်းတို့သည် အသုံးပြုမည့် စိတ်ခံစားမှုကို အတည်ပြုနိုင်ရန်အတွက် လူမှုပြဿနာလေ့လာသူများနှင့် လက်တွဲဆောင်ရွက်ခဲ့သလို focus group များနှင့်လည်း ဆွေးနိုင်တိုင်ပင်ခဲ့ပြီး စစ်တမ်းများကိုလည်း ကောက်ယူခဲ့သည်။ ထို့အပြင် နာမည်ကျော် စတစ်ကာများနှင့် emoji များကိုလည်း လေ့လာခဲ့ကြသည်။

ထုတ်ကုန်မန်နေဂျာ ဆမ်မီခရက်၏အဆိုအရ emoji face များကို ပြုလုပ်ရန် လူတိုင်းနားလည်နိုင်မှုနှင့် သာတူညီမျှ အသုံးတည့်မှုတို့က အကြီးမားဆုံး စိန်ခေါ်မှု နှစ်ရပ်ဖြစ်ခဲ့ကြောင်း သိရသည်။

“ဒီတုံ့ပြန်မှုတွေအတွက် ကျွန်တော်တို့ တကယ့်ကို အသေအချာ ဂရုတစိုက် ဆောင်ရွက်ခဲ့ရပါတယ်” ဟု သူမက CNNMoney နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

Reactions ကို ဗုဒ္ဓဟူးနေ့က ကမ္ဘာတစ်ဝန်းသို့ မဖြန့်ချိမီ စပိန်၊ အိုင်ယာလန်၊ ချီလီ၊ ဖိလစ်ပိုင်နှင့် အခြားသော နိုင်ငံအချို့၌ အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။

Ref: CNNMoney