Elder Titan The Worldsmith

keyart_eldr_ttn.jpg

Dota 2 ဟာ ကမ္ဘာနဲ့ယှဉ်ပြီး E-Sports အားကစားတစ်ခုဖြစ်လာတဲ့နောက်မှာ စည်းစနစ်ကျတဲ့ Hero Role, Position, Duty တွေနဲ့ ဆော့ကစားနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကစားပွဲတစ်ပွဲမှာ Carry နဲ့ Support ဆိုတဲ့ Role အပြင် Offlane ဆိုတဲ့နေရာဟာလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ အလေးထားစဉ်းစားပေးစရာ လိုပါတယ်။ Experience နဲ့ Gold အမြောက်အမြားမရရင်တောင် မသေအောင်နေလို့ရတဲ့ Hero အများစုကို ယေဘုယျအနေဖြင့် Offlane မှာ ကစားစေလေ့ရှိတဲ့အပြင် Initiator အများစုကိုတွေ့ရမှာဖြစ်ပါတယ်။ Professional အဆင့်ကစားပွဲတွေမှာ ၂ နှစ်တာလောက် အမေ့လျော့ခံဖြစ်နေခဲ့ပေမယ့် v6.81 Patch ကနေ ယခု v6.86 အထိ Patch ၆ ခုဆက်တိုက် Buff ခံထားရတဲ့ Offlaner Hero တစ်ကောင်ဟာ မကြာခင် Professional တန်းမှာ ပြန်လည်မြင်တွေ့လာရဖို့ အလားအလာရှိနေပါတယ်။ သူကတော့ Elder Titan The Worldsmith ပဲဖြစ်ပါတယ်။ Strength Melee Hero တစ်ကောင်ဖြစ်ပြီး Initiator တစ်ကောင်လည်းဖြစ်တဲ့ Elder Titan ဟာ သာမန် Hero တွေနဲ့ မတူညီနိုင်တဲ့ Skill Build တွေနဲ့ဖွဲ့စည်းထားတဲ့ Overpower Hero တစ်ကောင်ဖြစ်နေပေမယ့် Positioning ပေါ်များစွာ မူတည်နေလို့ Pub Match တွေမှာ မမြင်တွေ့ရ လုနီးပါးဖြစ်နေခဲ့ပါတယ်။ Hero ပေါင်း ၁၁၁ ကောင်ရှိတဲ့ Dota 2 မှာ Popular ဖြစ်မှုနံပါတ်စဉ် ၁ဝ၈ မှာဖြစ်နေတဲ့ Elder Titan ဟာ အမေ့လျော့ခံ Overpower Hero
တစ်ကောင်ဖြစ်လို့ သင်က Team တစ်ခုအနေနဲ့ကစားဖို့ အစီအစဉ်ရှိရင် လေ့ကျင့်သင့်တဲ့ Hero တစ်ကောင်လို့ အကြံပြုချင်ပါတယ်။

Abilities

AoE Disable Ability တစ်ခုဖြစ်တဲ့ Echo Stomp ဟာ 500 AoE အတွင်းက Enemy Unit တွေအားလုံးကို 2/3/4/5 Seconds ခန့် Sleep Debuff ကို သက်ရောက်စေမှာဖြစ်ပါတယ်။ ဒီ Debuff သက်ရောက်နေချိန်မှာ Damage တစ်မျိုးမျိုး သက်ရောက်လိုက်တာနဲ့ ချက်ချင်း Debuff ပြေသွားမှာဖြစ်ပါတယ်။ ထူးခြားချက်က Elder Titan ရဲ့ 2nd Ability ဖြစ်တဲ့ Astral Spirit နဲ့ တွဲဖက်သုံးနိုင်ခြင်းပဲဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ မိမိရဲ့ မူလ Elder Titan အနီးတစ်ဝိုက် 500 AoE မှာ 110 Physical Damage နဲ့ Disable ဖြစ်စေသလို Astral Spirit ရဲ့ 500 AoE အတွင်းမှာလည်း 110 Magical Damage ကို သက်ရောက်စေမှာဖြစ်ပါတယ်။ အားနည်းချက်တစ်ခုကတော့ Cast Time 1.2 Seconds ခန့်ကြာမြင့်ခြင်းပဲဖြစ်လို့ Echo Stomp ရဲ့အသုံးဝင်မှုကို ပိုမိုထိရောက်စေဖို့ Positioning ကို Setting ချပေးမယ့် Teammate တွေ အထိုက်အလျောက် လိုအပ်ပါလိမ့်မယ်။

အပေါ်မှာပြောခဲ့သလိုမျိုး Astral Spirit ဟာ Echo Stomp နဲ့ တွဲဖက်သုံးလို့ရတဲ့ Basic Ability ဖြစ်ပါတယ်။ Cast Range 1200 ရှိပြီး အဆိုပါ Spirit ကို Control လုပ်နိုင်ပါတယ်။ Duration 8 Seconds အတွင်းမှာ Spirit နဲ့ ထိတွေ့ထားသမျှ Unit တွေရဲ့အရေအတွက်ပေါ်မူတည်ပြီး မိမိဆီ Spirit ပြန်ဝင်လာပြီးနောက် Damage နဲ့ MS bonus Buff ကို ရရှိစေမှာဖြစ်ပါတယ်။ တိုက်ထားတဲ့ Hero ၁ ကောင်တိုင်းစီအတွက် 10/20/30/40 Bonus Damage နဲ့ Unit တစ်ခုတိုင်းစီအတွက် 6/9/12/15 Bonus Damage ဆီတိုးမယ့်အပြင် Bonus MS ကတော့ Hero တစ်ကောင်အတွက် 5% MS နဲ့ Unit တစ်ခုစီအတွက် 1% MS Bonus ကို ရရှိစေဦးမှာဖြစ်ပါတယ်။ ဒီ Buff ဟာ 9 Seconds ကြာမြင့်မှာဖြစ်ပါတယ်။ ဥပမာ နောက်ဆုံးအဆင့်မှာ မိမိရဲ့ Spirit ဟာ Enemy Hero ၄ ကောင်နဲ့ Creep ၈ ကောင်ကို တိုက်ပြီးမှ မိမိကိုယ်ထဲပြန်ဝင် လာတယ်ဆိုပါစို့။ (40 x 4) + (15 x 8) = 280 Bonus Damage ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် Spirit ကို သုံးပြီးပြီးချင်း မိမိဆီ ချက်ချင်းပြန်မခေါ်ဘဲ ရရင်ရသလောက် Enemy Unit တွေကို လိုက်ပြီး တိုက်သင့်ပါတယ်။

လူအများ သိပ်အလေးမထားတဲ့ Natural Order ကတော့ Elder Titan ရဲ့ Overpower Ability တစ်ခုဖြစ်ပါတယ်။ Elder Titan နဲ့ သူ့ရဲ့ Spirit တို့ အနီးတစ်ဝိုက်မှာရှိမယ့် Enemy Unit တွေရဲ့ Basic Armor အားလုံးကို 100% လျှော့ချလိုက်မယ့်အပြင် Magic Resistance ကိုလည်း 33% အထိလျှော့ချပေးဦးမှာဖြစ်ပါတယ်။ Basic Armor ဆိုတာကတော့ မိမိ Hero ရဲ့ Attribute Box ထဲက အဖြူရောင်နဲ့ပြထားတဲ့ Armor ကိုပြောတာဖြစ်ပါတယ်။ အဲ့ဒီအဖြူ Armor ပမာဏအတိုင်းနုတ်ပစ်မှာဖြစ်လို့ Assault လို Item မျိုးစပ်လေ့မရှိတဲ့ Agility Carry Hero တွေကို Counter လုပ်ဖို့ အလွန်တရာမှ အသုံးဝင်ပါတယ်။ ဒါ့အပြင် 33% Magic Resistance Reduction ဆိုတဲ့ပမာဏဟာလည်း Meepo ကလွဲရင် ကျန်တဲ့ Hero ၁၀၉ ကောင်စလုံးကို Base Magic Resistance ပျောက်သွားစေမယ့် ပမာဏဖြစ်လို့ မိမိအသင်းဘက်က Spell Caster တွေရဲ့ Magic Damage တွေကို Pure Damage သဖွယ်ဖြစ်သွားအောင် အထောက်အပံ့ပေးပါလိမ့်မယ်။

Ultimate Earth Splitter ကတော့ AoE Nuke Slow Ability တစ်ခုဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Damage ဘယ်လောက်ဆိုပြီး ပုံသေရှိမှာမဟုတ်ဘဲ Enemy ရဲ့ Max Hp ပမာဏရဲ့ 30%/40%/50% အတိုင်း Damage အတိုးအလျှော့ရှိမှာဖြစ်ပါတယ်။ ဥပမာနောက်ဆုံး အဆင့်မှာ Hp 3000 ရှိတဲ့ Pudge ကို 1500 Damage သက်ရောက်စေနိုင်မှာဖြစ်သလို တစ်ဖက်မှာ Hp 1000 ရှိတဲ့ Crystal Maiden ကို 500 Damage ပဲသက်ရောက်စေပါလိမ့်မယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ အဆိုပါသက်ရောက်မယ့် 50% Damage ဟာတစ်ဝက် Magical Damage, တစ်ဝက် Physical Damage ဖြစ်ပါတယ်။ ဆိုလိုတာက Enemy Hero ဟာ Magic Immune ဖြစ်နေမယ်ဆိုရင် 25% Magical Damage ကို ကာကွယ်နိုင်ပေမယ့် 25% Physical Damage အခြမ်းကနေ သွေးလျော့စေမှာဖြစ်ပါတယ်။ ဒါကြောင့် Elder Titan ရဲ့ Earth Splitter Damage ကို အလုံးစုံရှောင်ရှားဖို့မလွယ်တဲ့အပြင် Earth Splitter ထိသွားတာနဲ့ 30%/40%/50% MS Speed Slow ကို ကျိန်းသေပေါက် သက်ရောက်စေတော့မှာဖြစ်ပါတယ်။ 2400 Range နဲ့ 300 AoE ရှိတဲ့ ဒီ Ultimate ဟာ Active ဖြစ်ဖို့ 3.14 Seconds ကြာမြင့်မှာဖြစ်ပါတယ်။ Earth Splitter ကို အပြည့်အဝထိစေဖို့ Astral Spirit နဲ့ Echo Stomp Combo ကို ဦးစွာအသုံးပြုပေးဖို့လိုပါတယ်။ Aghanim’s Scepter စပ်ခွင့်ရှိတဲ့ Earth Splitter ဟာ 4/5/6 seconds ကြာမြင့်တဲ့ Disarm ကို ဖြစ်ပေါ်စေပါလိမ့်မယ်။

Overview

Elder Titan ဟာ Initiator တစ်ကောင်ဖြစ်ပေမယ့် သူ့ရဲ့နှေးကွေးလေးလံတဲ့ Spell Cast တွေကြောင့် Pub Match တွေမှာ Popular ဖြစ်နှုန်းကျဆင်းနေရခြင်းပဲဖြစ်ပါတယ်။ Astral Spirit ဟာ Initiate လုပ်ဖို့အသုံးဝင်တဲ့ Ability ဖြစ်ပေမယ့် Cast Range 1200 ဟာ အရမ်းမနည်းသလို အရမ်းလည်းမများပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ Update မှာ ပါဝင်ခဲ့တဲ့ Aether Lens ကတော့ Spirit ကို 1400 Cast Range ဖြစ်သွားစေမှာဖြစ်လို့ Elder Titan အတွက် မရှိမဖြစ်ရွေးချယ်သင့်တဲ့ Item တစ်ခုဖြစ်လာပါတယ်။ တကယ်လို့ သင်က Offlane မှာဆော့ကစားရမယ်ဆိုရင်တော့ Tranquil Boots နဲ့  Soul Ring ကို ဦးစွာရွေးချယ်ပေးသင့်ပါတယ်။ Offlaner တစ်ယောက်ဖြစ်ပေမယ့် Astral Spirit ကနေပြန်လည်ရရှိမယ့် Bonus Damage နဲ့ Bonus MS တို့ဟာ သင့်အတွက် အရေးပါတဲ့ Last Hit ကို လုပ်နိုင်စေမယ့်အပြင် လိုအပ်ရင်လိုအပ်သလို Aggressive ဆန်ဆန် လိုက်လံတိုက်ခိုက်နိုင်မယ့် Physical Damage ပမာဏကို ရရှိစေမှာဖြစ်ပါတယ်။ ကစားပွဲအလယ်လောက်မှာ initiator တစ်ကောင်လိုဆိုတာထက် Hitter တစ်ကောင်အဖြစ် ပါဝင်ချင်ရင်တော့ Power Tread + Drum ကိုရွေးချယ်သင့်ပါတယ်။ Astral Spirit Bonus ကနေရရှိမယ့် Damage ဟာ များပြားလွန်းပြီး 9 Seconds Duration ရှိတာကြောင့် Natural Order ကနေရရှိမယ့် Reduction တွေနဲ့ပေါင်းဖက်ပြီး အနီးကပ်ဝင်ရောက်တိုက်ခိုက်နိုင်မယ့် အားသာချက်လည်း ရှိပါသေးတယ်။

Melee hero တွေရဲ့ Attack Range ဟာ 128 Range ဖြစ်ပါတယ်။ သင့်ရဲ့ Spirit ကနေရရှိလာမယ့် Bonus Damage တွေကို 9 seconds အတွင်းမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ Hitter ဆန်ဆန် Item တွေနဲ့လည်း စမ်းသပ်ကြည့်နိုင်ပါတယ်။ Drum + Dagger + Sange and Yasha + Bkb ကတော့ ပုံမှန်မြင်တွေ့ရနေကျ Elder Titan ရဲ့ပုံစံနဲ့ကွဲထွက်နေပေမယ့် တစ်ဖက်အသင်းရဲ့ Carry ကို ကစားပွဲအလယ်လောက်မှာ ထိန်းသိမ်းပေးထားနိုင်မယ့် Semi Hitter တစ်ကောင်လို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကြောင်းကတော့ Natural Order ကြောင့်ဖြစ်ပါတယ်။ 275 AoE ဟာ Melee Range ထက်များစွာ ပိုလို့ မိမိကိုယ်တိုင် Enemy နားကပ်ပြီး Bonus Physical Damage တွေကို Attack Speed ကောင်းကောင်းနဲ့ တိုက်ခိုက်ပေးမယ့်ပုံစံဖြစ်ပါတယ်။ ပုံမှန် Initiator တစ်ကောင်လို ကစားမယ်ဆိုရင်တော့ Aether Lens, Shiva Guard, Refresher Orb, Veil of Discord, Crimson Guard တို့ကို ဦးစားပေးရွေးချယ်နိုင်ပါတယ်။

Aether Lens ကနေရရှိမယ့် 8% Magic Damage Increase ဟာ Earth Splitter ရဲ့ Overall Damage ကို 2% တိုးမြင့်စေမှာဖြစ်ပါတယ်။ Refresher Orb နဲ့သာ တွဲဖက်ပြီး အသုံးပြုမယ်ဆိုရင် Earth Splitter ရဲ့စုစုပေါင်း Damage ဟာ 52% + 52% = 104% အထိ တိုးမြင့်သွားစေပါလိမ့်မယ်။ ဒီအခြေအနေမှာ Natural Order ကနေ ရရှိမယ့် Magic Reduction ကြောင့် Enemy Hero တွေဟာ သူတို့ရဲ့ Basic Magic Reduction ပမာဏဟာ 0.25% သာလျှင်ကျန်တော့မှာဖြစ်လို့ Spirit ရဲ့ 275 AoE အတွင်းက သူတို့ရဲ့ Hpကို 103.75% အထိ တိုက်ခိုက်နိုင်မှာဖြစ်လို့ ဘေးပေါင်းအစိမ်းရောင် Armor သာမရှိရင် Instantly Kill ဖြစ်သွားစေပါလိမ့်မယ်။ Refresher Orb ကို အစောပိုင်းမရွေးချယ်နိုင်သေးရင်လည်း Veil of Discord ကို အသုံးပြုဖို့တိုက်တွန်းလိုပါတယ်။

Elder Titan ဟာ မြေပုံ ၆ ခုခန့် ဆက်တိုက် Buff ခံနေရတဲ့အတွက် လာမယ့်မြေပုံမှာလည်း ထပ် Buff ခံရဖို့ရှိပါတယ်။ သူ့ရဲ့ Natural Order ကို 75 AoE လောက် ထပ်မံတိုးပေးပြီး Astral Spirit ရဲ့ Cast Range ကိုသာ 100 ခန့် ထပ်တိုးပေးလိုက်မယ်ဆိုရင်တော့ လိုတာထက် ပိုပြီး Overpower ဖြစ်လာမယ့် Offlane Hero တစ်ကောင်အဖြစ် ပြန်မြင်တွေ့လာနိုင်စရာအကြောင်းရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သောကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။