Lenovo နှစ် ၃၀ ပြည့် အထူး ဈေးရောင်းပွဲ ကျင်းပပြုလုပ်

Lenovo ၏ နှစ်ပေါင်း ၃၀ ပြည့် အထိမ်းအမှတ်အနေဖြင့် အထူးဈေးရောင်းပွဲကို နိုဝင်ဘာလ၂၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဝယ်ယူအားပေးသော ပရိသတ်များကို မေတ္တာ လက်ဆောင်များ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အထူးဈေးရောင်းပွဲကာလတွင် Lenovo မှ Notebook ၊ Desktop နှင့် All-in-One PC များကို ဝယ်ယူအားပေးသူများအတွက်  Lenovo မှ လက်ဆောင် Package ၃ ခု စီစဉ်ထားပြီး အထက်ပါ Product တစ်မျိုးကို ဝယ်ယူကပါက လက်ဆောင် Package တစ်မျိုးရွေးချယ် ရယူနိုင်မည် ဖြစ်သည်။

Package များအနေဖြင့် တန်ဖိုးမြင့်မားပြီး ကမ္ဘာကျော် Targus ကုမ္ပဏီမှ ထုတ်လုပ်သော ကိုယ်နှင့်မကွာ သယ်ဆောင်ချင်သူများ အတွက် Lenovo Original Bagpack Package၊ ဈေးနှုန်းသက် သက်သာသာဖြင့် ဝယ်ယူချင်သူများ အတွက် 30 US$ Package နှင့် နောက်ဆုံး Package မှာ အင်တာနက်မြန်မြန် ဆန်ဆန် အသုံးပြုလိုသူများအတွက် HSPA+ USB Modem ၊ SIM Card နှင့် ငွေဖြည့်ကတ်စသည့် ပစ္စည်း ၃ မျိုး ပါဝင်သော High Speed Inter-net Package တို့ဖြစ်သည်။

မြန်မာနိုင်ငံအနှံ Lenovo Product များကိုဝယ်ယူရရှိနိုင်ရန် အတွက် KMD မှ တစ်ဦးတည်းသော အရောင်းကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပြီး ပါဝင်ဆင်နွှဲလိုသူများ အနေဖြင့် နီးစပ်ရာ Lenovo အရောင်းဆိုင်ကြီးများတွင် ဝယ်ယူကာ လက်ဆောင်များ ရယူနိုင်မည်ဖြစ်သည်။

KMD ဖုန်း – ၀၁-၃၈၁၁၂၉၊ ၃၈၁၀၃၅ နှင့် ၂၄၉၁၈၀ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။