Selfie ဓာတ်ပုံဖြင့် ငွေပေးချေမှုစနစ်ကို မကြာမီ အသုံးပြုနိုင်တော့မည်

selfie.jpg

ဘာစီလိုနာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော Mobile World Congress ပြပွဲ၌ ခရက်ဒစ်ကတ်ကုမ္ပဏီများက ခေတ်ပေါ်ဈေးဝယ်သူများအတွက် အံ့အားသင့်ဖွယ် ငွေပေးချေမှုနည်းလမ်းသစ်များကို မိတ်ဆက်ပေးခဲ့သည်။

MasterCard အနေဖြင့် အမေရိကန်နှင့် နယ်သာလန်တွင် ပြီးခဲ့သည့်နှစ်က စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ယခုနှစ် နွေရာသီတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံ၌ selfie ငွေပေးချေမှုစနစ်ကို ဖြန့်ချိပေးသွားမည်ဟု ပြောကြားခဲ့သည်။ အဆိုပါငွေပေးချေမှုစနစ်သည် password မလိုအပ်ဘဲ သုံးစွဲသူများက ၎င်းတို့၏ မျက်နှာကို ဓာတ်ပုံရိုက်ရုံဖြင့် app များ အသုံးပြုခြင်းနှင့် အွန်လိုင်းငွေပေးချေမှုပြုလုပ်ခြင်းတို့ကို ရိုးရှင်းစွာပြုလုပ်နိုင်စေမည် ဖြစ်သည်။

“သုံးစွဲသူတွေက password တွေကို မုန်းတီးနေပါပြီ။ ဒီနေ့ခေတ်မှာ လူတိုင်းက မိုဘိုင်းဖုန်းတစ်လုံးစီ ပိုင်ဆိုင်နေကြသလို အင်တာနက်ချိတ်ဆက်မှုကလည်း နေရာတိုင်းမှာ ရရှိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့က ကိုယ်တိုင်စစ်မှန်ကြောင်း သက်သေပြနိုင်ဖို့အတွက် ဇီဝဗေဒဆိုင်ရာနည်းပညာတွေကို အသုံးပြုသင့်ပါတယ်” ဟု MasterCard ၏ Safety and Security ဌာနမှ အကြီးအကဲဖြစ်သူ အာဂျေးဘယ်လာက Mobile Word Congress 2016 တွင် ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် Visa က ကားကုမ္ပဏီများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် အဝတ်အစား ဒီဇိုင်နာများဖြင့် လက်တွဲကာ လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ် ဝန်ဆောင်မှုများ စမ်းသပ်လုပ်ဆောင် သွားမည်ဟု သိရသည်။

Ref: TheNextWeb