Rally Racing ဂိမ်းသစ်များဝင်ရောက်

Sebastian-Rally-Evo.jpg

Racing ဂိမ်းပရိသတ်များအတွက် graphics ကောင်းမွန်သည့် WRC 5 နှင့် Sebastien Loeb Rally Evo အမည်ရ Rally Racing ဂိမ်းသစ်များ PC, PS4 နှင့် Xbox One အတွက် ထွက်ရှိလာကြောင်း သိရသည်။

အဆိုပါဂိမ်းသစ်များတွင် ကစားသူအနေဖြင့် Rally ဂိမ်းများကဲ့သို့ လမ်းကြမ်းများပေါ်တွင် အမြန် ပန်းဝင်အောင် time attack ပုံစံအသားပေး Rally ပွဲများတွင် အဓိကဝင်ရောက်
ကစားနိုင်မည်ဖြစ်ပြီး နှင်းတောများ၊ တောင်ကုန်းများပေါ်တွင်ပါ မောင်းနှင်နိုင်မည်ဖြစ်သည်။ WRC – World Rally Cham-pionship ပွဲစဉ်အတွင်း ပါဝင်ခဲ့သည့် ကားများကိုလည်း စိတ်ကြိုက် customize  ပြုလုပ်နိုင်မည်ဖြစ်သည်။ Race Car Model သစ်များကိုလည်း ထည့်သွင်းပေးထားသည်။

အသုံးပြုလိုသူများအနေဖြင့် GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။