Naruto Shippuden: Ultimate Ninja Storm 4

Naruto.jpg

Naruto Shippuden: Ultimate Ninja Storm 4 ဟာ developer CyberConnect 2 ရဲ့ 8th generation console တွေအတွက် ရေးသားထားတဲ့ ပထမဆုံး Naruto ဂိမ်းဖြစ်ပါတယ်။ Naruto ဂိမ်းတွေဟာ PS3 နှင့် Xbox360 တို့မှာသာမက Wii,  DS, PSP နဲ့ PS2 တို့မှာလည်း အမြောက်အမြား ထွက်ရှိထားပြီးဖြစ်တဲ့အတွက်ကြောင့် Naruto ရဲ့ဇာတ်လမ်းတွေကလည်း အတော်လေးထပ်နေပါပြီ။ Storm 4 မတိုင်ခင်က Naruto Shippuden: Ultimate Ninja Storm Revolution တုန်းကဆို Main story ဇာတ်လမ်းအတွင်း ပြောင်းလဲမှုအရမ်းမရှိလို့ story mode အသစ်နည်းနည်းနဲ့ tournament mode စိတ်ကူးယဉ်ဇာတ်လမ်းတွေ ထည့်ထားပေးပါတယ်။ ဒါပေမဲ့ အခု အသစ်ထွက်ရှိလာပြီဖြစ်တဲ့ Ninja Storm 4 ကတော့ အရင် Naruto game story mode တွေထက် graphics ပိုင်းနှင့် boss battle တွေ ပိုသားနားလာပြီး Naruto Shippuden Manga ရဲ့ဇာတ်သိမ်းပါ ပါဝင်ထားပါတယ်။ အသက်ရှင်နေသေးတဲ့ Ninja တွေ အပြင် သေဆုံးပြီးသားဇာတ်ကောင်တွေပါ Edo Tensei (Impure World Reincarnation Justu) နဲ့ ပြန်လည်နိုးထစေပြီး တိုက်ခိုက်ကြတဲ့ Shinobi War ဇာတ်လမ်းကို အခြေခံထားတဲ့အတွက်ကြောင့် မူလ Naruto Storm Series ပရိသတ်တွေရော၊ Naruto ဂိမ်းတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ Naruto Manga နှင့် Anime fan တွေပါ စိတ်ဝင်စားမှု အများဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။

Naruto Shippuden: Ultimate Ninja Storm 4 မှာ Story Mode အနေနဲ့ နောက်ကြောင်းပြန်တဲ့ ဇာတ်လမ်းတွေနဲ့ Manga ဇာတ်သိမ်းအထိနှင့် လက်ရှိ Anime Series မှာ ထွက်ရှိနေဆဲဖြစ်တဲ့ Shinobi War Arc ဇာတ်လမ်းများနေရာမှာ ဝင်ရောက်ကစားရမှာပါ။ Story mode မှာတော့ fighting mode တင် ပါဝင်ရုံမဟုတ်ဘဲ Summoned creatures အကြီးစားကြီးတွေ ကိုင်တွယ်ပြီး အရင် PS2 က Ultimate Ninja 4 နှင့် Ultimate Ninja 5 က Story mode လိုမျိုး Dynasty Warriors ဂိမ်းဆန်ဆန် ရန်သူအများစုကို တစ်ပြိုင်တည်း တိုက်ခိုက်ရမယ့် action brawler gameplay ပါဝင်လာသလို လှပတဲ့ QTE (Quick Time Event) ပြကွက်များနှင့် boss fight တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အစပိုင်း Kage Summit Missions တွေမှာ boss battles နှင့် QTE ပိုင်းတွေ သိပ်မထည့်ထားပေမယ့် Shinobi War စပြီဆိုတာနဲ့တိုက်ပွဲတွေ၊ QTE event တွေ cutscenes တွေ အရမ်းသွက်လာတာတွေ့ရမှာပါ။ အဓိကတိုက်ပွဲပိုင်းတွေကတော့ Madara, Obito နှင့် Kaguya တို့နဲ့ပဲ တိုက်ရမှာဆိုတော့ story ပိုင်းအနေနဲ့ကတော့ အသစ်အများကြီး မပါဝင်ပေမယ့် boss battle ကစားရတဲ့အပိုင်းတွေကတော့ တော်တော်လေးအားရဖို့ကောင်းပါတယ်။ အထူးသဖြင့် First Hokage Hashirama နဲ့ UchihaMadara တို့တိုက်ပွဲ၊ Team 7 နဲ့ Kaguya တို့တိုက်ပွဲတွေမှာ presentation ပိုင်း အသေးစိတ်အချက်အလက်တွေ ပိုကြည့်ကောင်း၊ ပိုအသက်ဝင်လာလို့ Anime က တိုက်ခိုက်ခန်းတွေထက်တောင် ပိုကြည့်ကောင်းနေတာတွေ့ရမှာပါ။

Gameplay ပိုင်းက ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ battle system ကိုကောင်းမွန်တဲ့ cell shading graphics က ပံ့ပိုးပေးထားတဲ့အတွက်ကြောင့် Anime တွေ၊ Movie တွေကို အခြေခံထားတဲ့ Versus Fighting တွေထဲမှာတော့ အကောင်းဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။ Attack button တစ်ခုနှင့် အဝေးပစ် projectile attack button တစ်ခုပါဝင်ပြီး အပေါ်ယံရိုးရှင်းပေမယ့် support character တွေကို အချိန်ကိုက်ခေါ်ယူဖို့နဲ့ ultimate jutsu တွေသုံးဖို့ကတော့ ကျွမ်းကျင်မှုရှိဖို့လိုအပ်ပါတယ်။ အရင်က support အဖြစ်သာ သီးသန့်တွဲခေါ်လို့ရတဲ့ additional characters တွေကိုပါ တိုက်ပွဲအတွင်းမှာ Leader switch system ကို သုံးပြီး သူတို့ကိုကိုင်တွယ်နိုင်မှာမို့လို့ အရင်ထက် နည်းဗျူဟာ အသစ်တွေ အများကြီးပေါင်းထည့်လာနိုင်တာတွေ့ရမှာပါ။ မတူညီတဲ့ဇာတ်ကောင်နဲ့ Alternate/Awaken mode စုစုပေါင်း ၁၀၀ ကျော်ပါဝင်ပြီး ကိုယ်တိုင် Awaken လုပ်ရင် support character တွေကပါ လိုက်ပြီး Awaken form ပြောင်းတဲ့အကွက်တွေက battle flow ကို အများကြီးပြောင်းလဲ သွားစေနိုင်ပါတယ်။ One Tail ကနေ Nine Tails အထိ Jinchūriki အကုန်ပါမှာဖြစ်လို့ Awaken mode တွေပြောင်းပြီး တိုက်ခိုက်ကြတဲ့အခါ ကြည့်ကောင်းသလို၊ Asuma နှင့် Zabuza တို့လို သေဆုံးပြီး ဇာတ်ကောင်အများစုရဲ့ normal form ရော re-animation form တွေပါ ပါဝင်သလို Kaguya အပြင် pre-order bonus အဖြစ် Boruto, Sarada နှင့် Naruto/Sasuke တို့ရဲ့ The Last Naruto Movie Version အစရှိတဲ့ ဇာတ်ကောင်တွေကိုလည်း playable character အဖြစ် ထည့်သွင်းပေးထားပါတယ်။

Naruto Shippuden: Ultimate Ninja Storm 4 ဟာ gameplay ပိုင်းရော graphics ပိုင်းပါ ကစားရတာ အားရဖို့ကောင်းသလို Ultimate Ninja Storm ဂိမ်းစီးရီး ရဲ့နောက်ဆုံးဂိမ်းဖြစ်ပြီး၊ ထွက်ထားသမျှ Naruto Versus Fighting game series တွေထဲမှာ အကောင်းဆုံးဂိမ်းတစ်ခုဖြစ်တဲ့အတွက် Versus fighting ဂိမ်းစိတ်ဝင်စား သူတွေရော၊ Naruto ပရိသတ်တွေပါ မဖြစ်မနေကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။