Laser pointer ပါဝင်သော stylus ဖြင့်သုံးနိုင်မည့် Huawei Windows 10 tablet

huawei-matebook-008.jpg

ဘာစီလိုနာမြို့၌ ကျင်းပနေသည့် Mobile World Congress ပြပွဲမစတင်မီ တစ်ရက်အလိုတွင် Huawei က built-in laser pointer တစ်ခုပါဝင်သော stylus ဖြင့်သုံးနိုင်မည့် Windows 10 tablet တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

MateBook ဟုခေါ်သော ၁၂ လက်မအရွယ် အဆိုပါ tablet ကို အလူမီနီယံကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ အထူ ၆.၉ မီလီမီတာ (၀.၂၇ လက်မ) ရှိပြီး အလေးချိန်က ကီးဘုတ်မပါ ၆၄၀ ဂရမ် (၁.၄ ပေါင်) ဖြစ်သည်။ ၁၂ လက်မအရွယ် display သည် 2160 x 1440 pixel resolution ဖြင့် ဖော်ပြပေးနိုင်သည်။ အရှေ့ဘက်တွင် 5-megapixel ကင်မရာ ပါဝင်သော်လည်း ကျောဘက်တွင်မူ ကင်မရာမပါဝင်ပေ။ ဘက်ထရီကိုမူ ၁၀ နာရီအကြာသုံးနိုင်သည်။

MateBook ၏ ဘေးဘောင်တွင် fingerprint reader တစ်ခုကို အသံအတိုးအကျယ် ခလုတ်များနှင့်အတူ တွေ့ရမည် ဖြစ်သည်။ အားသွင်းခြင်းနှင့် အချက်အလက်လွှဲပြောင်းရန်အတွက် USB Type-C port တစ်ခုပါဝင်သည်။ Ethernet အပါအဝင် အခြားသော port များဖြင့် အသုံးပြုလိုသူများအတွက် Huawei က standalone docking device တစ်ခုကို ထောက်ပံ့ပေးထားသည်။

Core M3 ပရိုဆက်ဆာနှင့် 4GB RAM တို့ပါဝင်သော entry-level MateBook အမျိုးအစားအတွက် ၆၉၉ ဒေါ်လာကျသင့်မည် ဖြစ်သည်။ Core M7 ချစ်ပ်နှင့် 8GB RAM အမျိုးအစားအတွက်မူ ၁,၅၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ၎င်းကို လာမည့် လအနည်းငယ်အတွင်း ဥရောပ၊ မြောက်အမေရိကနှင့် အာရှတို့တွင် ရောင်းချမည် ဖြစ်သည်။ Stylus, case နှင့် dock တို့ကိုမူ သီးခြားဝယ်ယူရမည်ဖြစ်သော်လည်း ၎င်းတို့အတွက် ဈေးနှုန်းများကို ကြေညာထားခြင်း မရှိသေးပေ။

Ref: CNET