Asus ROG G752VT-DH72

91gaZcpPXoL._SL1500_.jpg

USD- 1,364
အားသာချက်

Asus G752 သည် ယခင်မော်ဒယ်ထက် အနည်းငယ်ပါးလွှာပြီး ဒီဇိုင်းပိုင်း ပြင်ဆင်ထားသည်။ Laptop ၏စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်ပြီး ဂိမ်းကစားရာတွင် အဆင်ပြေစေရန် ကြီးမားသော ခလုတ်များပါဝင်ပြီး မီးရောင်များ ပါဝင်သည်။

အားနည်းချက်

Asus G752 သည် ဒီဇိုင်းပြောင်းလဲ ထားသော်လည်း ပြင်ပသို့ အလွယ်တကူ ယူဆောင်၍ အသုံးပြုနိုင်ခြင်း မရှိပေ။ ဈေးနှုန်းမြင့်မားသည့် laptop အများစုတွင် ကောင်းမွန်သော graphics card ပါဝင်လာသည်။ ၎င်းတွင် touch screen သို့မဟုတ် ရုပ်ထွက်အရည်အသွေး အမြင့်ဆုံး option များမရှိပေ။

အသေးစိတ်ဖော်ပြချက်

Asus ROG G752VT-DH72 သည်ကြီးမား ထူထဲသော gaming laptop တစ်မျိုးဖြစ်သည်။ ROG (သို့မဟုတ် Republic of Gamers) မော်ဒယ်များတွင် ထိပ်တန်း Nvidia GeForce GTZ 980M graphics card အသုံးပြုထားပြီး ဂိမ်းပေါင်းများစွာကို ထောက်ပံ့ပေးနိုင်သည်။

ယခု laptop တွင်ဒီဇိုင်းပိုင်းကို ပြင်ဆင်ထားပြီး Intel ၏နောက်ဆုံးပေါ် Skylake မျိုးဆက်ပရိုဆက်ဆာ ပါဝင်လာသည်။ ကန်ဒေါ်လာ ၁,၇၉၉ တန်ဖိုးရှိ Asus ROG G752VT-DH72 ဗားရှင်းတွင် Nvidia 980M အစား 970M ပါဝင်လာသလို SSD 128GB/1TB HDD နှင့် RAM 16GB တို့ဖြစ်သည်။ သို့ရာတွင် Asus သည်နိုင်ငံအလိုက် ဗားရှင်းအမျိုးမျိုး ထုတ်လုပ်ထားကြောင်း သိရသည်။ ထို့အပြင် ၎င်း laptop တွင် ကြီးမားသော DVD optical drive ပါဝင်သလို PC ဂိမ်းများကို Steam နှင့် GOG ကဲ့သို့ အွန်လိုင်း စတိုးများမှ download ပြုလုပ်နိုင်သည်။

Asus ROG ဒီဇိုင်းတွင် ကြေးရောင်နှင့် အနီ/လိမ္မော် အလင်းများနှင့်အတူ အလူမီနီယမ်ဖြင့် ဖန်တီးထားကာ ကိုယ်ထည်မှာ အနက်ရောင် matte နှင့်ပြုလုပ်ထားသည်။ Laptop ၏ကိုယ်ထည်မှာ ယခင်မျိုးဆက်ထက် အနည်းငယ်ပါးလွှာအောင် ဖန်တီးထားကြောင်း သိရပြီး အလေးချိန်မှာ ၈.၈ ပေါင်အထိ ရှိသည်။

Asus ROG G752VT-DH72 တွင်ပရိုဂရမ်ရေးဆွဲနိုင်သော ခလုတ်များ ထည့်သွင်းထားပြီး Asus MacroKey ဟုအမည်ရသော app မှတစ်ဆင့် ရိုးရှင်းစွာ စီမံနိုင်သည်။

စိတ်ဝင်စားစရာ အကောင်းဆုံး Asus ROG Gaming Center app ဖြစ်ကာ စနစ်တစ်ခုလုံး၏ အချက်အလက်များ ထောက်ပံ့ပေးပြီး display, audio နှင့် အလင်းများ ချိန်ညှိခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် profile အမျိုးမျိုးဖြင့် ဖန်တီးခြင်းအပြင် media playback, gaming သို့မဟုတ် ဘက်ထရီသက်တမ်း ဆွဲဆန့်ခြင်းအတွက် ထိန်းညှိနိုင်သည်။

Asus ROG G752VT-DH72 ၏မျက်နှာပြင်အရွယ်မှာ ၁၇.၃လက်မရှိပြီး ရုပ်ထွက်အရည်အသွေးမှာ 1,920×1,080 ဖြစ်သည်။

ဘက်ထရီ

Asus ROG G752VT-DH72 ဖြင့် ဗီဒီယို playback များကို ၂နာရီ ၂၅ မိနစ်အထိ ကြည့်ရှုနိုင်ကြောင်း သိရသည်။

Ref: CNET