vivo X5 Pro

VIVO-X5PRO_TKK_Google_Review_18Feb2016.jpg

Device Support : Vivo
Price : 498,000 Ks

အားသာချက်

တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU, Sensor စနစ်ပိုင်းတို့တွင် ကောင်းမွန်သည်။ ကင်မရာ ပိုင်းတွင်လည်း Mega Pixel မြင့်မားသော ကင်မရာများကို ထည့်သွင်းတပ်ဆင် ပေးထားပြီး မှတ်ဉာဏ်စနစ်တွင်လည်း ကောင်းမွန်သည့်အပြင် ကြည်လင်တောက်ပသော Screen ကိုလည်း မြင်တွေ့နိုင်မည် ဖြစ်သည်။

အားနည်းချက်

Sim Card  နှစ်ကတ်အား အတွဲလိုက်ပုံစံဖြင့် Card Slot တစ်ခုတည်းတွင် ပြုလုပ်ပေးထားပြီး ယင်း Sim Slot နှစ်ခုနှင့်အတူ SD Card Slot ကိုပါ တစ်ပါတည်း တွဲထားခြင်းကြောင့် Sim Card ဖြစ်စေ SD Card ဖြစ်စေ တစ်ခုခုကို ထုတ်သွင်းပြုလုပ် ချင်သည့်အချိန်တိုင်း ကတ်အားလုံးကို ထုတ်သွင်းပြုလုပ် နေရမည်ဖြစ်သည်။

ဒီဇီုင်း

ပါးပါးလျားလျားရှိသော ပုံစံမျိုးရှိနေပြီး အရွယ်အစား ကောင်းမွန်သောပုံစံမျိုး တည်ဆောက်ထားသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက် အမြင့် ၁၄.၇၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၃၅ စင်တီမီတာနှင့် ထုထည်မှာ ၀.၆၄ စင်တီမီတာ ဖြစ်သောကြောင့် ပါးလွှာသည်ဟု ဆိုနိုင်သည်။ အလေးချိန်မှာ ၁၅၁ ဂရမ်ဖြစ်ပြီး ကိုင်တွယ် အသုံးပြုချိန်တွင် အလေးချိန် အနည်းငယ် ရှိနေမည်ဖြစ်သည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး နောက်ဘက်ကာဗာမှာလည်း ကာဗာအသေဖြစ်သည်။ စပီကာများအား ဖုန်းအောက်ခြေဘောင်ရှိ USB Port ၏ ဘေးတစ်ဘက် တစ်ချက်စီတွင် ထည့်သွင်းတပ်ဆင် ပေးထားသည်။

မြင်ကွင်း

၅.၂ လက်မရှိသော Super AMOLED Screen ဖြစ်ပြီး 1080 x 1920 Pixels (~424 ppi pixel density) ထိ ရရှိနိုင်မည် ဖြစ်သည်။

နည်းပညာ

Gesture Sensor ပိုင်းများတွင် အသုံးပြု နည်းစနစ်များကို အများအပြား မြင်တွေ့ရမည်ဖြစ်သည်။ Screen ပိတ်ခြင်းအတွက် Lock သင်္ကေတဖြင့် ပိတ်နိုင်ပြီး Screen အား Double Tap စနစ်ဖြင့် ဖွင့်နိုင်ခြင်း၊ Screen ပိတ်ထားချိန်တွင် မျက်နှာပြင်ပေါ်၌ သတ်မှတ်သင်္ကေတများ ရေးဆွဲကာ အသုံးပြုချင်သော စနစ်များအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း အစရှိသော Motion စနစ်များအတွက် Smart Motion စနစ်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ ဖုန်းအား ကွန်ပျူတာများဖြင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်သော One Drive စနစ်၊ vivo Cloud  စနစ်များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဓာတ်ပုံရိုက်ခံသူများအတွက် ကင်မရာမှ ယောက်ျားနှင့် မိန်းမအား အလိုအလျောက် သိရှိခွဲခြားကာ ဓာတ်ပုံရိုက်ပေး နိုင်သော Gender Detection စနစ်ကိုလည်း မြင်တွေ့နိုင်သည်။ ဖုန်းတွင်းရှိ အချက်အလက်များကို လုံခြုံရေး ပြုလုပ်ထားခြင်းနှင့် Contact, Mail, Message အစရှိသော အချက်အလက်များကို သိမ်းဆည်း ပေးထားနိုင်သော iManager စနစ်တို့ကိုလည်း အသုံးပြုသူများ ထိတွေ့နိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်

Quad-core 1.5 GHz Cortex-A53 နှင့် Quad-core 1.1.0 GHz Cortex-A53 တို့  ပါဝင်သော Octa core CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Adreno 405 GPU ကို ထည့်သွင်းပေးထားသည်။ မှတ်ဉာဏ်မှာ 16GB နှင့် RAM 2GB ပါဝင်ပြီး ထပ်တိုး အသုံးပြုနိုင်ရန်အတွက် Micro SD Card 128GB ထိ ထပ်တိုးနိုင်မည် ဖြစ်သည်။ 13 Mega Pixel နောက်ကင်မရာ၊ 8 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth 4.0, USB 2.0 နှင့်  Li-Po 2450mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။ GSM စနစ်သုံး ဖုန်းဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Micro Sim တစ်ကတ်နှင့် Nano Sim တစ်ကတ် အသုံးပြုရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နှင့်အတူ အတွဲလိုက် ရှိနေမည် ဖြစ်သည်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက X5 Pro သည် ဖုန်း၏ Smart Motion စနစ်ပိုင်းများတွင် ပြည့်စုံကောင်းမွန် သည်ဟုဆိုနိုင်ပြီး ဖုန်းတွင်းအသုံးပြု Hardware ပိုင်းတို့တွင်လည်း ကောင်းမွန်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ မှတ်ဉာဏ်ပိုင်း၊ ကင်မရာပိုင်း၊ Screen ပိုင်းတို့တွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ Sim Slot တစ်ခုထဲတွင် ကတ်သုံးခုအား အတွဲလိုက် ပြုလုပ်ထားခြင်းကြောင့် ကတ်များလဲလှည့် ထုတ်သွင်းပြုလုပ်ရာတွင် အနည်းငယ် အလုပ်များစေမည် ဖြစ်သည်။