ဓာတ်ပုံလောကကို ပြောင်းလဲမှုတွေ ဆောင်ကြဉ်းလာသည့် နည်းပညာသစ်များ

Samsung_Galaxy_Camera_35429670_01.gif

ပြီးခဲ့သည့် ဆယ်နှစ်လောက် တုန်းကဆိုလျှင် ဒီဂျစ်တယ် ကင်မရာဟူသည် ဓာတ်ပုံလောကတွင် ကလေးဆော့သည့် ကင်မရာ အဆင့်လောက်သာ ရှိခဲ့သည်။ ရုပ်ထွက်ကလည်း စိတ်ကျေနပ်ဖွယ် မရှိ။ တစ်နေကုန် အပြင်မှာ လျှောက်ရိုက်လာပြီးလျှင် အိမ် ရောက်တော့ Laptop မှာ ကြိုးထိုးပြီး ပုံတွေ ပြန်ထုတ်။ အများစုမှာ အရောင်ကအစ သဘာဝမ ကျသဖြင့် ဖျက်ပစ်ရတာတွေ မနည်း။ ကင်မရာထဲက ပုံတွေသည်လည်း Memory Card ထဲမှာသာနေသည်။ အပြင်ကို ထုတ်ချင်လျှင် ကွန်ပျူတာဖြင့် ချိတ်မှရသည်။ သုံးရတာချောမွေ့ ခြင်းမရှိ။

ပြီးခဲ့သည့်နှစ်များ အ တွင်းမှာတော့ စမတ်ဖုန်း နည်းပညာများ တစ်ရှိန်ထိုး တိုးတက်လာမှုနှင့်အတူ ဒီဂျစ်တယ် ကင်မရာများသည်လည်း နည်းပညာရေစီးမှာ လိုက်ပါ တိုးတက်လာသည်။ ဓာတ်ပုံနည်းပညာ နယ်ပယ်သစ်များလည်း ပိုမိုပေါ်ပေါက်လာသည်။ ကင်မရာကို အင်တာနက်ချိတ်ကာ ဓာတ်ပုံတွေကို ဆိုရှယ် မီဒီယာသို့ တန်း၍ Share ခြင်းလုပ် နိုင်သည့် ဝန်ဆောင်မှုမျိုးအထိ ရရှိလာသည်။

Wi-Fi, NFC, Bluetooth နည်းပညာများ ဒီဂျစ်တယ် ကင်မရာများတွင် ပါဝင်လာမှုကြောင့် ကမ္ဘာကျော် နှင်းလျှောစီးချန်ပီယံ၏ ဦးထုပ်မှာ တပ်ထားသော Action Camera က မြင်ကွင်းများကို ကမ္ဘာတစ်ဝန်း ပရိသတ်များက တိုက်ရိုက်ကြည့်ရှု ရင်သပ်ရှုမောနိုင်နေပြီ။ ကင်မရာနှင့် ဖုန်းကို ချိတ်ဆက်ပြီး ကင်မရာမှန်ပြောင်း မြင်ကွင်းကို ဖုန်းဖန်သားပြင်မှာ ကြည့်နိုင်ပြီ၊ ဖုန်းကနေ ကင်မရာကို လိုသလို ခိုင်းစေလို့ ရနေပြီ။ စမတ်နည်းပညာများကြောင့် ကင်မရာများ၏ အနာဂတ် မိုးကောင်း ကင်ကလည်း အဆုံးအဆမထင် ကျယ်ပြန့်လို့လာသည်။

အခြား စမတ်ပစ္စည်းများနှင့် ချိတ်ဆက်နိုင်၊ အင်တာနက်ပါ ချိတ်ဆက်နိုင်သော ကင်မရာများ က ကမ္ဘာ့ ဓာတ်ပုံနယ်ပယ်ကို မည်သို့ ပြောင်းလဲစေခဲ့သလဲ၊ ယနေ့ လူသားများ ဓာတ်ပုံရိုက်မှု၊ ဓာတ်ပုံဝေမျှမှုတွေ ပိုအဆင်ပြေအောင် ကင်မရာတွေ မည်သို့ အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်ပြောင်းလဲ ခဲ့ကြ သနည်း ကြည့်ကြစို့။

ဒီဂျစ်တယ် ကင်မရာ ခေတ်ဦးတုန်းကဆိုလျှင် အားလုံးသိသည့် အတိုင်း ကိုယ်ရိုက်ထားသည့် ဓာတ်ပုံများကို မိတ်ဆွေများဖြင့် Share လုပ်နိုင်ဖို့က တော်တော်က ရိကထများသည်။ အပြင်မှာ ဓာတ်ပုံရိုက်ပြီးလျှင် အိမ်ပြန်။ အိမ်ရောက်တော့ ကွန်ပျူတာမှာ ကင်မရာကို ကြိုးထိုး၊ ဓာတ်ပုံတွေ ကွန်ပျူတာထဲ ကူးထည့်နေတာ စိတ်ရှည်လက်ရှည် ထိုင်စောင့်။

ထို့နောက်တွင်မှ အပေါင်းအသင်း တွေဆီ အီးမေးလ်နဲ့ ပို့ချင်ပို့။ အွန်လိုင်းပေါ် တင်ချင်လည်း တင်။အခြား စမတ်ပစ္စည်းများဖြင့်ချိတ်ဆက်နိုင်သော ယနေ့ ဒီဂျစ် တယ် ကင်မရာများက ထိုသို့ ဓာတ်ပုံများ Share လုပ်နိုင်ဖို့ အိမ်ရောက်ပြီး ကွန်ပျူတာထဲ ပြောင်းထည့်ပြီးချိန်ထိ စောင့်နေရမည့် အချိန်ကို လုံးဝ ဖယ်ထုတ်ပစ် လိုက်သည်။ ယနေ့ ဈေးအကြီးဆုံးမှ သည် ဈေးအချိုဆုံး ဒီဂျစ်တယ် ကင်မရာအထိ ဝိုင်ဖိုင် နည်းပညာပါဝင်နေပြီ။ ဓာတ်ပုံရိုက်ပြီးသည်နှင့် ဖုန်း၊ Laptop များသို့ ဝိုင်ဖိုင်စနစ်ဖြင့် ချက်ချင်း ပို့လိုက်နိုင် သည်။ အခြား မိတ်ဆွေများဆီ အွန်လိုင်းက ပို့မလား၊ ဆိုရှယ် မီဒီယာပေါ်တင်မလား၊ အချိန်မဆိုင်း လုပ်နိုင်ပြီ။ ယခင်တုန်းကလို ညအိမ်ပြန်ရောက်ချိန်အထိ စောင့်နေ ဖို့ မလိုတော့။

အနီးပစ္စည်းချင်း ဆက်သွယ်နည်း (NFC) နည်းပညာသည် လည်း ဒီဂျစ်တယ်ဓာတ်ပုံများကို ကင်မရာနှင့် စမတ်ဖုန်း ထိထားလိုက်ရုံဖြင့် ဖုန်းထဲ လွှဲပြောင်းပြီး သားဖြစ်သွားအောင် လုပ်ပေးနေ ပြီ။ ကင်မရာကို ဖုန်းဖြင့်ချိတ်ဆက်ပြီး ဖုန်းကနေ ကင်မရာ မှန်ဘီလူးမြင်ကွင်းကိုကြည့်ကာ ဖုန်းကနေပင် ခလုတ်နှိပ်ပြီး ဓာတ်ပုံရိုက်နိုင်နေပြီ။ ရိုက်ပြီးသည့် ဓာတ်ပုံကို လည်း ဝိုင်ဖိုင်ကတစ်ဆင့် ဖုန်းဆီ ချက်ချင်း ပေးပို့ခိုင်းလို့ရနေပြီ။

Samsung သည်လည်း အခြားသူများထက် ခြေတစ်လှမ်းဦး သည့်အနေဖြင့် ဖုန်းများတွင်သာ အဓိက သုံးကြသော Android စနစ်ကိုသုံးကာ Galaxy  Android ကင်မရာစနစ်ကို ဖန်တီးခဲ့သည်။ ကင်မရာတစ်လုံးလိုလည်း အလုပ်လုပ်နိုင်သလို၊ ဖုန်းတစ်လုံးအနေဖြင့်လည်း အလုပ်လုပ် သည်။ ရိုက်ပြီးသား ပုံများကို ဆိုရှယ် မီဒီယာတင်မလား၊ အီးမေးလ် ဖြင့် မိတ်ဆွေများဆီ ပို့မလား၊

ကင်မရာဖုန်းကနေ တိုက်ရိုက်လုပ်နိုင်သည်။ နောက်ထပ် ဖုန်းတစ်လုံး သို့ လွှဲပို့နေရသည့်အဆင့်ကိုပါ ကျော်လွှားလိုက်သည်။ သို့သော် Samsung သည် Galaxy ကင်မရာဖုန်းမော်ဒယ်များကို ၂၀၁၄ နောက်ပိုင်း ထပ်မံထုတ်ခြင်း မရှိဘဲ ရပ်ဆိုင်းထားသည်မှာ အားမရ ဖွယ်ဖြစ်သည်။

ကင်မရာနှင့် စမတ်ဖုန်း ချိတ်ဆက် အလုပ်လုပ်နိုင်သည့် နည်းပညာများကြောင့် အရည်အသွေးမြင့် ဓာတ်ပုံများ ရိုက်ယူရေး အတွက်ပါ အကျိုးရှိလာသည်။ ဥပမာ Nikon D5500 DSLR ကဲ့သို့ ကင်မရာမျိုးများသည် ဖုန်းနှင့်ချိတ်ဆက်နိုင်ပြီး ဖုန်းမှကင်မ ရာရိုက်ရန် ညွှန်ကြားနိုင်သဖြင့် ယခင်က ကင်မရာကြီးများဖြင့် မလုပ်နိုင်သည့် Selfie ရိုက်သည့် ကိစ္စမျိုးကိုပါ လုပ်လို့ရလာသည်။ ကင်မရာကို ချိန်ထား၊ ဖုန်းကနေ ကင်မရာမှန်ဘီလူးမြင်ကွင်းကို ကြည့်ကာ မိမိ အနေအထားကို ပြင်ဆင်၊ ပြီးလျှင် စမတ်ဖုန်း ကနေပင် ခလုတ်နှိပ်ပြီး ဓာတ်ပုံ ရိုက် လိုက်ရုံပင်။ ကင်မရာကြီးများ၏ ပြတ်သားသော ရုပ်ထွက် အရည်အသွေး မျိုးဖြင့် Selfie ပုံ ကောင်း ကောင်းများ ရိုက်နိုင်နေပြီ။

ကင်မရာ မှန်ဘီလူးပေါက် ကို ကြာကြာဖွင့်ထားပြီး အလင်း အများအပြား စုစည်းအသုံးချ ရိုက် ကူးရသည့် Long-exposure ရိုက်နည်းမျိုး အတွက်လည်း စမတ် ဖုန်းများဖြင့် ချိတ်ဆက် နိုင်ခြင်းက အသုံးဝင်သည်။ Long-exposure ရိုက်လျှင် ကင်မရာ တုန်မသွားဖို့ အရေးကြီးသဖြင့် ကင်မရာ ခလုတ်ကို လက်ဖြင့် မနှိပ် ဘဲ အဝေးထိန်းကြိုး သို့မဟုတ် Remote control ဖြင့်အချက်ပေး ပြီးရိုက်စေ ရသည်။ စမတ်ဖုန်းဖြင့် ကင်မရာကို ထိန်းချုပ် ညွှန်ကြားနိုင် လာသဖြင့် Remote control နေရာ တွင် စမတ်ဖုန်းဖြင့်အစားထိုးကာ အလွယ်တ ကူလုပ်နိုင်လာ ပြန်သည်။

အားကစား ဓာတ်ပုံကဏ္ဍတွင်လည်း အလားတူပင် ကင်မရာကို စမတ်ဖုန်းဖြင့် ချိတ်ဆက်ပြီး ကင်မရာမှန်ဘီလူးမှ မြင်ရသော မြင်ကွင်းများကို ကိုယ်ကခပ် လှမ်းလှမ်းမှနေပြီး စမတ်ဖုန်းဖန် သားပြင်ထဲကနေ ကြည့်ကာဖုန်း ကနေပင် ခလုတ်နှိပ်ပြီး ရိုက်နိုင် နေပြီ။

တောရိုင်းသဘာဝဓာတ် ပုံနယ်ပယ်တွင်လည်း အလားတူ ပင် အသုံးချနိုင်သည်။ တောတိရ စ္ဆာန်များ၏ သဘာဝကျကျ ဓာတ်ပုံများ လိုချင်ပါက တောရိုင်း တိရစ္ဆာန်များ သတိမထားမိအောင် ကင်မရာထောင်ကာ ကင်မရာသမားက ပုံဖျက်ပြီး စောင့်စား ရိုက်ကူးရသည်။ သို့မဟုတ်ပါကလည်း ခပ်လှမ်းလှမ်းကနေ Remote control ဖြင့်လှမ်း ရိုက်ရသည်။ သို့သော်ထိုသို့ရိုက်ပါက ကင်မရာ မှန်ဘီလူး မြင်ကွင်းကို မမြင်ရသဖြင့် တိရစ္ဆာန်များ၏ လှုပ်ရှားမှုကို ကြည့်ကာ မှန်းဆပြီး ခလုတ်နှိပ်ရသည်။ WiFi သုံးကာ ကင်မရာကို စမတ်ဖုန်းဖြင့်ချိတ်ဆက် ပြီး ကိုယ်ကအဝေးမှ စောင့်ရိုက်နိုင်လာသော ယနေ့အချိန်တွင်ကား ကင်မရာ မှန်ဘီလူးမြင် ကွင်းကိုပါ ဖုန်းတွင်မြင်ရသဖြင့် တိရစ္ဆာန်များ၏ လှုပ်ရှားမှုများကို တိုက်ရိုက်ကြည့်ကာ လိုချင်သည့် မြင်ကွင်းကို ဓာတ်ပုံရိုက်ယူရုံ ဖြစ် သည်။

ကွန်ရက် ချိတ်ဆက်နည်းပ ညာများက အပျော်တမ်း ဓာတ်ပုံသမားများကိုသာမက ပရော်ဖက်ရှင် နယ် သမားများကိုလည်း များစွာ အကူအညီ ပေးနေသည်။ ပရောဖက်ရှင်နယ် အားကစား ဓာတ်ပုံသမား ရော့လော်တန်က ယနေ့ပရော်ဖက်ရှင်နယ် ကင်မရာများ သည် WiFi စနစ်သာမက အီသာနက် (Ethernet) ကွန်ရက်ဖြင့် လည်း ပူးပေါင်းအလုပ်လုပ်နိုင် သောကြောင့် ကင်မရာကို အီသာနက်ကြိုး ထိုးထားပြီး အားကစားဓာတ်ပုံများရိုက်ခြင်းဖြင့် ရိုက်ပြီးသည်နှင့် ကြိုးလိုင်းကတစ်ဆင့် ကွန်ရက်ပေါ်ကနေ၎င်း၏ အယ် ဒီတာများထံသို့ ဓာတ်ပုံများ ချက်ချင်းရောက်သွားသဖြင့် အလုပ် လုပ်ရတာ များစွာ မြန်ဆန်လွယ်ကူ လာကြောင်း ပြောသည်။

ယနေ့ စမတ်ဖုန်းခေတ်တွင် ပိုတွင်ကျယ်လာသည့် ကင်မရာ အမျိုးအစားကား Action Camera ဖြစ်သည်။ GoPro ကင်မရာများ သည် နာမည်ရ Action Camera များ ဖြစ်သည်။ အားကစားသမား များ၊ စွန့်စားသွားလာသူများ၊ တောင်တက်သူများ၊ တောတွင်း လမ်းလျှောက်သူများ၊ နှင်းလျှော စီးသူများ၊ လေထီး ခုန်သူများ စသဖြင့် အမျိုးမျိုးသော လူတို့သည် Action Camera များကို ဦးထုပ်မှာ တပ်၍လည်းကောင်း၊ ကိုယ်မှာတပ်၍လည်းကောင်း တိုက်ရိုက် ရိုက်ကူးကာ အွန်လိုင်းပေါ် တင်ခြင်းဖြင့် ၎င်းတို့၏ လှုပ်ရှား မှုများ ကို ကမ္ဘာတစ်ဝန်းရှိ အွန်လိုင်း အပေါင်းအသင်းများအား အချိန်မဆိုင်း တိုက်ရိုက် အသိပေးနိုင် နေပြီ။

GoPro သည် ပြီးခဲ့သည့် လပိုင်းကပင် Periscope (ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး တိုက်ရိုက်ပြသ နိုင်သော ဝန်ဆောင်မှု) ဖြင့်ပူးပေါင်းကာ GoPro ကင်မရာက ရိုက်ထား သော ဗီဒီယိုများကို ဖုန်းသို့ လွှဲပို့ကာ ဖုန်းက တစ်ဆင့် Periscope သို့ တင်ပြီး တိုက် ရိုက်ပြနိုင် အောင် ဖန်တီးခဲ့သည်။ Android စနစ်သုံး Iris4G အက်ရှင် ကင်မရာသည်ကား ကြားခံဖုန်းပင် မလိုဘဲ 4G LTE စနစ်ဖြင့် အလုပ်လုပ် ကာ ဗီဒီယိုများကို အွန်လိုင်း တိုက်ရိုက်တင်နိုင်သည်။

SONY နောက်ဆုံးထုတ် HDR-AS100V အက်ရှင် ကင်မရာသည်လည်း အလားတူပင် ဗီဒီယိုများကို Facebook , Twitter တို့သို့ တိုက်ရိုက်တင်နိုင်သည်။ ကွန်ရက် ချိတ်ဆက်နိုင်သော ကင်မရာများက ယနေ့ လူသားများ ဘဝ လုံခြုံစိတ်ချရအောင်လည်း ကူပေးနိုင်သေးသည်။ ပြီးခဲ့သည့် ဆယ်နှစ်တုန်းကလို အဖြူ၊အမည်း မှုန်ဝါးဝါး လုံခြုံရေးကင်မရာများ မေ့လိုက်တော့။ လုံခြုံရေး ကင်မရာများသည် ရုပ်ထွက်အရည် အသွေးလည်း မြင့်မားလာသလို အိမ်စောင့် လူသားတစ်ယောက် လိုပါ ကူပေးနိုင်သည်။ ကင်မရာ မြင်ကွင်းထဲ ဝင်လာသော လှုပ်ရှားမှုများကို အာရုံခံ သိရှိနိုင်သည်။ သို့ဖြစ်ရာ အိမ်တွင်လူမရှိချိန် မျိုး တွင် ကင်မရာမြင်ကွင်းထဲ လူတစ်ယောက် ဝင်လာသည်နှင့် အိမ်ဖောက်ထွင်းသူမှန်း တန်းသိကာ ဓာတ်ပုံရိုက်ပြီး အိမ်ပိုင်ရှင်ထံ အင်တာနက်ကနေ တိုက်ရိုက် ပေးပို့ နိုင်သလို၊ မြင်ကွင်းဗီဒီယိုကို အွန်လိုင်းကနေ တိုက်ရိုက် လွှင့်ပြီး လည်း ပိုင်ရှင်ကို သတိပေးနိုင်သည်။ ထို့ထက် နည်းပညာပိုမြင့် သော လုံခြုံရေး ကင်မရာများကား လိုအပ်ပါက ရဲစခန်းကိုပါ အွန်လိုင်းကနေ အလိုလျောက် လှမ်းအကြောင်းကြားပေးလိမ့်ဦးမည်။

Ref: The tech that’s changing photography  and it’s just getting started (Tech Radar)