Android OS သုံး Device များအတွက် Avira Antivirus လိုင်စင်ဗားရှင်း ဝယ်ယူအသုံးပြု နိုင်မည်

Avira-Android_TKK_Google_News_19Feb2016.jpg

Android OS စနစ်အသုံးပြု သော မိုဘိုင်းဖုန်း၊ Tablet အစရှိသော Android Device များအတွက် Avira Antivirus ဆော့ဖ်ဝဲ လိုင်စင်ဗားရှင်းအား ပြည်တွင်းတွင် ဝယ်ယူအသုံးပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Antivirus ဆော့ဖ်ဝဲသည် Android Device များပေါ်တွင် ဖြစ်ပေါ်လေ့ရှိသော Virus များနှင့် အွန်လိုင်းမှ တစ်ဆင့်ဝင်ရောက် တက်သော Malware များအား အကောင်းဆုံး တားဆီးပေးထား နိုင်ကြောင်း သိရသည်။

Avira Antivirus ဆော့ဖ်ဝဲအား Android Device များတွင် ထည့်သွင်းထားခြင်းဖြင့် အွန်လိုင်းမှ ဝင်ရောက်တတ်သော Virus များအား အကောင်းဆုံး တားဆီးထား နိုင်မည်ဖြစ်ပြီး Facebook အ သုံးပြုသူများ အနေဖြင့် မကြာခဏ ကြုံတွေ့ရတတ်သော Malware Virus များရန်မှ ကင်းဝေးစေမည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ Avira ၏ မြန်မာပြည် တရားဝင်ဖြန့်ချိ ရေးကိုယ်စားလှယ် Excellent Yangon Distribution Co.,Ltd  မှတာဝန်ရှိသူ မန်နေဂျင်းဒါရိုက်တာ ကိုစည်သူက ”ကျွန်တော်တို့ ခုတင်သွင်းပေးလာတဲ့ Avira Android Antivirus က ဖုန်းနဲ့ အွန်လိုင်း အသုံးပြုသူတွေ Facebook အသုံးပြုသူတွေ မကြာခဏ ကြုံတွေ့ရတတ်တဲ့ Malware ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ Facebook အသုံးပြုသူတွေ Virus Link တစ်ခုခုကို နှိပ်မိပြီး ကိုယ်မသိလိုက်ဘဲ Post တွေ အလိုအလျောက် Share နေတာတွေ၊ Facebook ပေါ်က ဂိမ်းတွေကို ကစားပြီး ဂိမ်းတွေ၊ App တွေ၊ Mail တွေကနေ ပါလာတဲ့ Virus တွေကို အွန်လိုင်း ဖွင့်လိုက်တဲ့ အချိန်တိုင်းမှာ သူက တားဆီးပေးထားမှာပါ” ဟု ပြောသည်။

Avira Antivirus Pro ဗားရှင်းမှာ အွန်လိုင်းအသုံးပြု စနစ်များအတွက် ဖုန်းမှအွန်လိုင်း ဖွင့်လိုက်သည့် အချိန်တိုင်းတွင် Virus Definition များအား အလိုအလျောက် ရှာဖွေစစ်ဆေးပေးနေမည် ဖြစ်သော်လည်း ဖုန်း၏ မှတ်ဉာဏ်အတွင်းရှိ Virus နှင့် Memory Card အတွင်းရှိ Virus တို့ကိုမူ အလိုအလျောက် စစ်ဆေးပေးနေမည် မဟုတ်ဘဲ အသုံးပြုသူမှ မိမိဖုန်းအတွင်း စစ်ဆေးလိုသည့် အချိန်များတွင် Manual စနစ်ဖြင့် ကိုယ်တိုင်စစ်ဆေး ရမည်ဖြစ်သည်။

Avira Android Antivirus Pro တွင် Application များအား အလိုအလျောက် စစ်ဆေးပေးနေခြင်း၊ မိမိရှာဖွေလိုသော ဗိုင်းရပ်စ်များအား ရှာဖွေပေးခြင်း၊ ဖုန်းစနစ်များအတွင်း အခြားသူများ ဝင်ရောက်ခြင်း မပြုနိုင်စေရန် တားဆီးထားခြင်း၊ ဖုန်းတွင်းရှိ App များအား ပိတ်ထားပေးခြင်း၊ Blacklist ဝန်ဆောင်မှုစနစ် အစရှိသောစနစ်များ ပါဝင်သည့်အပြင် ဖုန်း၏တည်နေရာ ရှာဖွေခြင်း၊ ဖုန်းပျောက်သွားပါက မိမိဖုန်းအား အဝေးမှနေ၍ Lock ချနိုင်ခြင်း၊ ဖုန်းတွင်းရှိ အချက်အလက်များအား အဝေးထိန်း အွန်လိုင်းစနစ်ဖြင့် ဖျက်ပစ်နိုင်ခြင်း အစရှိသော ဝန်ဆောင်မှု စနစ်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Avira Android Antivirus Pro လိုင်စင် ဗားရှင်းအား ကျပ် ၄၀၀၀ ဖြင့် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၊ ကွန်ပျူတာ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး တစ်ကြိမ်ဝယ်ယူ ထည့်သွင်းထားပါက ၁ နှစ် အသုံးပြုနိုင်မည် ဖြစ်သည်။

၎င်း Antivirus  လိုင်စင်ဗားရှင်းများအား ဂျာမနီနိုင်မှ တင်သွင်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ဖြန့်ချိရေး ကိုယ်စားလှယ်အဖြစ် Excellent Yangon Distribution Co.,Ltd မှ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိပေးလျက်ရှိ ကြောင်းသိရသည်။ Antivirus နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ အားသိရှိလိုပါက ဖုန်း – ၀၉၇၇၉၉၉၉၁၆၆ တွင် ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။