Peace Tech Exchange အမည်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်မည်

Hate Speech  (အမုန်းစကား) များနှင့် ပတ်သက်၍ ပြန့်ပွားမှု မရှိအောင် အဓိက လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများ စုပေါင်း၍ Peace Tech Exchange အမည်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

Myanmar ICT Development Organization (MIDO) နှင့် U.S Agency for International Development (USAID) တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

“အရင်တစ်ခါ Tech Camp လုပ်တုန်းက NGO တွေက General သဘောမျိုးဖြစ်သွားတယ်။ အခုကတော့ Hate Speech ကို ကိုင်တွယ်နေတဲ့ အဖွဲ့တွေချည်းပါပဲ” ဟု MIDO မှ မထိုက်ထိုက်အောင်က ပြောသည်။

အဆိုပါ Peace Tech Exchange ၌ နည်းပညာကို အသုံးချ၍ အမုန်းစကားများ ဖယ်ရှားနိုင်မည့် နည်းလမ်းများကို ဦးစားပေး ဆွေးနွေးကြမည် ဖြစ်ပြီး အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ် ပရောဂျက်များ အတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်သွားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

Peace Tech Exchange ကို ဇန်န၀ါရီလ ၁၃၊ ၁၄၊ ၁၅ ရက်နေ့ များတွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်သည်။