Versus Fighting ဂိမ်းသစ် Street Fighter V ထွက်ရှိ

Street-Fighter-V.jpg

Capcom မှရေးဆွဲဖန်တီးထားပြီး Versus Fighting ဂိမ်းများထဲတွင် လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံး ဂိမ်းစီးရီးတစ်ခုဖြစ်သော Street Fighter Series ၏ဂိမ်းသစ် Street Fighter V ကို PC နှင့် PS4 တို့တွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Street Fighter V ဂိမ်းသစ်တွင် ကစားသူအနေဖြင့် Ryu၊ Chun Li ကဲ့သို့ original character များနှင့်အတူ F.A.N.G နှင့် Mika ကဲ့သို့ ဇာတ်ကောင်အသစ်စုစုပေါင်း ၁၆ ယောက်ကိုရွေးချယ်ကစားနိုင်မည် ဖြစ်သည်။ Story Mode နှင့် Survival Mode များအပြင် PS4 original version ၌ Online Battle နှင့် Ranked Battle များတွင်ပါ
ဝင်ရောက်ကစားနိုင်မည်ဖြစ်သည်။

Street Fighter V နှင့်အတူ PS4 ဂိမ်းသစ်များဖြစ်သော Naruto Shippuden Ultimate Ninja Storm 4 နှင့် Digimon Story – Cyber Sleuth ကဲ့သို့ အခွေသစ်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့်  ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။