SABRENT USB-DH88 Adapter

SABRENT-USB-DH88-Adapter.jpg

Sabrent USB 2.0 Adapter သည် Laptop (သို့) Desktop PC များမှ Video ရုပ်ထွက်များကို USB Port မှတစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်သော Device ဖြစ်သည်။ USB 2.0 Cable ဖြင့် ချိတ်ဆက်အသုံးပြုရသည့်အတွက် Device ကို Power သီးသန့်ပေးစရာမလိုဘဲ လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ မော်နီတာကို တစ်ခုထက်ပို၍ အသုံးပြုချင်သူများအနေဖြင့် ကွန်ပျူတာတွင် Graphics Card ထပ်စိုက်ရန်မလိုဘဲ Sabrent Adapter ကို အသုံးပြုကာ မော်နီတာ ၆ ခုအထိ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုရာတွင် ကွန်ပျူတာ၏ ရုပ်ထွက်အရည်သွေးအတိုင်း ရရှိနိုင်ပြီး၊ မော်နီတာကိုလည်း တစ်လုံးနှင့်တစ်လုံးချိတ်ဆက်ထားသကဲ့သို့ Extend လုပ်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ Resolution အနေဖြင့် အမြင့်ဆုံး 1920×1080/2048×1152 (32 bit color) အရည်အသွေးမြင့် 1080p ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်မည်ဟု သိရသည်။ Sabrent USB 2.0 Adapter တွင် DVI, HDMI, VGA Ports များပါရှိသည့်အတွက် မည်သည့် Display Port နှင့်မဆို တွဲဖက် အသုံးပြုနိုင် မည်ဖြစ်သည်။ Windows XP (32 bit), Windows Vista (32/64 bit), Windows 7 (32/64 bit), Windows 8 (32/64 bit), Mac OS X10.4.11 or later, Linux 2.6.32 Kernel or later တို့ဖြင့် တွဲဖက်အသုံးပြုနိုင်သည်။ Package အတွင်း Sabrent USB 2.0 Display Adapter, Driver CD/Quick start guide, USB 2.0 cable, DVI to VGA Adapter, DVI to HDMI Adapter စသည်တို့ ပါဝင်ပါသည်။ တန်ဖိုး ၈၅,၀၀၀ ကျပ်ဖြင့် MUC ကွန်ပျူတာဆိုင် ဖုန်း ၃၈၅၉၇၈ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။