Multi Function Protection Bag

နည်းပညာပစ္စည်းများဖြစ်သော Digital camera, mobile phone, GPS နှင့် Mobile Hard disk, USB Stick များကို လူသုံးများလာသလို အဆိုပါ ပစ္စည်းများ၏ အဓိကအားနည်းချက်မှာ Electromagnetic wave ဟု ခေါ်ဆိုသော လျှပ်စစ်သံလိုက်လှိုင်းဒဏ်ကို ခံနိုင်ရည်မရှိခြင်း ဖြစ်သည်။ ဒီတစ်ပတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် Multifunction Protection Bag မှာ အိတ်ထဲသို့ လျှပ်စစ် သံလိုက်လှိုင်းဖြတ် မဝင်နိုင်သည့်အတွက် အသုံးပြုသူများအနေဖြင့် များစွာ အဆင်ပြေစေမည်ဖြစ်သည်။ လေဆိပ်၊ ကားဂိတ်၊ လုံခြုံရေးဂိတ်များမှ ကျော်ဖြတ်သည့်အချိန်တွင် စက်များမှဖြစ်လာသော လှိုင်းကြောင့် memory card, smart card, USB stick စတဲ့ ပစ္စည်းများမပျက်စီးအောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ GSM မိုဘိုင်းဖုန်းများကို ထည့်ထားပါက ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားပေးမည် ဖြစ်သည်။ အစည်းအဝေးခန်း၊ တရားစခန်းနှင့် ဖုန်းပြောလို့ မရသည့် အခြေအနေတွင် ဖုန်းကိုအိတ်ထဲသို့ ထည့်ထားရုံဖြင့် အဆင်ပြေစေမည်ဖြစ်သည်။ အိတ်အပြင်ရောက်သည်နှင့် ဖုန်းမှာ ပုံမှန်အလုပ်လုပ်မည်ဖြစ်သည်။ ဘဏ်ကတ်၊ ATM ကတ်၊ credit ကတ် စသော သံလိုက်ဓာတ်သုံးပစ္စည်းမျိုးစုံ ထည့်ထားနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၇,၅၀၀ ဖြစ်ပြီး Ever Fine ဖုန်း ၃၈၃၄၆၆၊ ၃၈၇၆၄၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

-အောင်အောင်