Apple ၏ ၄ လက်မ iPhone သစ်တွင် A9 ပရိုဆက်ဆာ ပါဝင်မည်

img_1271.0.0.jpg

Apple ၏ ၄ လက်မ iPhone သစ်တွင် A9 ပရိုဆက်ဆာ ပါဝင်မည်ဟု Bloomberg မှ ဖော်ပြခဲ့သည်။

အဆိုပါဖော်ပြချက်တွင် ၄ လက်မ iPhone သစ်ကို iPhone 5SE အဖြစ်ခေါ်ဆိုမည့် 9to5Mac ၏ ဖော်ပြချက်ကိုလည်း အတည်ပြုခဲ့သည်။ ၎င်း iPhone သစ်သည် iPhone 5S နှင့်ဆင်တူပြီး Apple Pay အတွက် NFC နှင့် Live Photos တို့ဖြင့် သုံးနိုင်မည်ဖြစ်သော်လည်း 3D Touch display ပါဝင်ဖွယ်မရှိပေ။

တစ်ဆက်တည်းမှာပင် Bloomberg က iPad သစ်နှင့် ပတ်သက်၍လည်း ဖော်ပြသွားခဲ့သည်။ Apple မှ အသစ်ဖြန့်ချိမည့် iPad Air 3 တွင် လက်ရှိ iPad Pro ၌အသုံးပြုထားသော A9X ပရိုဆက်ဆာ ပါဝင်မည်ဟုဆိုသည်။ ထို့အပြင် iPad Air 3 တွင် Apple Pencil အထောက်အပံ့ပါဝင်ပြီး ကီးဘုတ်နှင့် အခြားသော ဆက်စပ်ပစ္စည်းများအတွက် Smart Connector ပါဝင်လာမည်ဟု ဖော်ပြထားသည်။

Apple သည် ထုတ်ကုန်သစ်များကို မတ်လ ၁၅ ရက်တွင်ကျင်းပမည့် ပွဲတစ်ခု၌ မိတ်ဆက်ပေးပြီး မတ်လ ၁၈ ရက်တွင် ထုတ်ကုန်ရောင်းချမှု စတင်မည်ဟု သိရသည်။

Ref: TheVerge