Google account ရှိရန်မလိုဘဲ Gmail အသုံးပြုနိုင်

Screen-Shot-2016-02-17-at-9.17.04-AM.jpg

Gmail account တစ်ခုရှိရန်မလိုဘဲ Gmail အသုံးပြုနိုင်မည့်အစီအစဉ်ကို Google က စတင်လိုက်သည်။

ကုမ္ပဏီအနေဖြင့် Yahoo နှင့် Hotmail/Outlook အမည်များကိုသာ ဖော်ပြခဲ့သောကြောင့် AOL အီးမေးလ်သုံးစွဲသူများကမူ Gmail နှင့် အသုံးပြုနိုင်မည် မဟုတ်ပေ။ Yahoo နှင့် Hotmail/Outlook သုံးစွဲသူများသည် inbox filtering, spam blocking နှင့် Google Now cards စသည့် တရားဝင် @gmail အီးမေးလ်လိပ်စာဖြင့် ရရှိနိုင်သည့် အရာအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုလုပ်ဆောင်ချက်သည် Gmailify ဟုခေါ်သော feature သစ်ကြောင့်ဖြစ်ပြီး သုံးစွဲသူအနေဖြင့် Gmail တွင် Yahoo သို့မဟုတ် Hotmail/Outlook account ဖြင့် log in ပြုလုပ်ရုံဖြင့် အသုံးပြုနိုင်သည်။ Gmail ကို Yahoo သို့မဟုတ် Hotmail/Outlook အီးမေးလ်များအတွက် email client တစ်ခုအဖြစ် အသုံးပြုလိုပါက Gmailify option ကို ပိတ်ထားနိုင်သည်။

Google သည် အနာဂတ်တွင် အခြားသော email account များဖြင့်ပါ အသုံးပြုနိုင်ရန် စီစဉ်ထားသောကြောင့် AOL သုံးစွဲသူများအနေဖြင့် မကြာမီတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။

Ref: TheNextWeb