Digital Assistant

Digital assistant ဆိုသည်မှာ ပင်ကိုယ် ဘာသာစကားကို နားလည်နိုင်ပြီး end user အတွက် ပြီးပြည့်စုံသည့် အီလက်ထရွန်နစ် လုပ်ဆောင်ချက်များဖြင့် ဆောင်ရွက်ပေးသည့် application program တစ်ခုဖြစ်သည်။ ၎င်းကို virtual assistant ဟူ၍လည်း ခေါ်ဆိုသည်။
အဆိုပါ လုပ်ဆောင်ချက်များမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက အတွင်းရေးမှူးတစ်ဦးမှ လုပ်ဆောင်ရသည့် နှုတ်မှ ပြောသမျှကို ရေးမှတ်ခြင်း၊ text message, email message များကို အသံကျယ်ကျယ်ဖြင့် ဖတ်ခြင်း၊ ဖုန်းနံပါတ်များ ရှာဖွေခြင်း၊ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ချိန်းဆိုမှုများအတွက် အသိပေးခြင်း စသည်တို့ဖြစ်သည်။ လက်ရှိတွင် နာမည်ကျော်ကြားလျက်ရှိသည့် digital assistant များမှာ Apple Siri, Google Now နှင့် Cortana တို့ဖြစ်သည်။ Cortana digital assistant သည် Windows Phone 8.1 တွင် ပါဝင်သည်။
ယနေ့ခေတ် digital assistant များတွင် artificial intelligence, machine learning နှင့် voice recognition နည်းပညာတို့ဖြင့် ဖန်တီးရေးဆွဲထားသည်။ End user အနေဖြင့် ၎င်း၏ digital assistant နှင့် အပြန်အလှန် အသုံးပြုခြင်း အတွက် AI programming က data input မှ လေ့လာရန် ခေတ်မီဆန်းပြားသည့် algorithm များကို အသုံးပြုပြီး end user ၏ လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းပေးသည်။ အနာဂတ် digital assistant များတွင် ပိုမိုအဆင့်မြင့်သည် ကွန်ပျူတာနည်းပညာများ ပါဝင်လာမည် ဖြစ်သောကြောင့် digital assistant တစ်ခုအနေဖြင့် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ရသည့် request များကို နားလည်စေပြီး လေယာဉ် ကြိုတင်စာရင်းပေးခြင်း ကဲ့သို့သော ပိုမိုရှုပ်ထွေးသည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။
Digital assistant များသည် smart adivisor များဟုခေါ်ဆိုသည့် AI programming နှင့် မတူညီပေ။ Smart advisor program များသည် အကြောင်းအရာနှင့် သက်ဆိုင်သည့် program များဖြစ်ပြီး digital assistant များမှာ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် program များဖြစ်သည်။