ပေါက်ကြားထွက်ပေါ်လာသော Galaxy S7 ဗီဒီိယိုတွင် ရေစိုခံနိုင်မှုနှင့် ကြိုးမဲ့အားသွင်းစနစ်တို့ကိုြá

gs7.0.0.jpg

Samsung ၏ အင်ဒိုနီးရှားဌာနခွဲအနေဖြင့် Galaxy S7 ကို တစ်ပတ်ကြိုတင်မိတ်ဆက်ရန် စီစဉ်ထားဖွယ်ရှိသည်။

အဆိုပါဌာနခွဲ၏ YouTube channel တွင် အင်ဒိုနီးရှား မြားပစ်အားကစားသမား ဒယ်လီထရီဆရာဒင်ဒါက အမည်မဖော်ပြထားသော Samsung ဖုန်းကိုအသုံးပြုကာ လေ့ကျင့်နေသည့် ဗီဒီယိုကို ‪#‎TheNextGalaxy‬ အမှတ်အသားနှင့်အတူ ဖော်ပြခဲ့သည်။

 

 

၎င်းဗီဒီယိုတွင် ဖော်ပြထားသော ဖုန်းသည် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ပေးခဲ့သော Galaxy S6 နှင့် S6 Edge တို့ဖြင့် အလွန်ဆင်တူသည်။ ဗီဒီယိုတွင် ဖုန်းအမျိုးအစားအမည်ကို ဖော်ပြထားခြင်း မရှိသလို ဖုန်းအသစ်ဖြစ်ကြောင်းကိုလည်း မဖော်ပြထားပေ။ သို့သော်လည်း အင်ဒိုနီးရှား မြားပစ်အားကစားသမားက မိုးရေထဲတွင် ဖုန်းကို သက်သောင့်သက်သာ အသုံးပြုခဲ့သလို ကြိုးမဲ့စနစ်ဖြင့် အားသွင်းပုံကိုလည်း ပြသခဲ့သည်။

Samsung ကမူ ဘာစီလိုနာတွင် ကျင်းပမည့် Mobile World Congress ပွဲ၌ Galaxy S7 ကို တရားဝင်ပွဲထုတ်ပြသရန် စီစဉ်ထားသည်။

Ref: TheVerge