SkyDrive Pro ကို Windows 10 Context Menu မှ ဖယ်ရှားခြင်း

cover.jpg

Microsoft Office 2013 ကနေ စတင်၍ SkyDrive ကို Office Suite မှာ ထည့်သွင်းပေးလာပါတယ်။ ဒါကြောင့် Windows 10 ရဲ့ Context menu မှာ အဆိုပါ SkyDrive ကို Default အနေနဲ့ မြင်တွေ့ရမှာပါ။ အကယ်၍ သင်ဟာ SkyDrive ကိုအသုံးမပြုပဲ OneDrive ကိုသာ သုံးစွဲနေသူတစ်ယောက်ဆိုရင် အဆိုပါ Context menu ကနေ SkyDrive Pro ကို Regestry အသုံးပြုပြီးဖယ်ရှားရှင်းလင်းနိုင်မှာဖြစ်ပါတယ်။

Regestry ကနေ SkyDrive Pro ကို ဖယ်ရှားရှင်းလင်းဖို့အတွက် Win + R ကို နှိပ်ပြီး Run box ကိုခေါ် ယူပါ။

Regestry Editor ထဲကိုရောက်သွားပြီဆိုရင် HKEY_CLASSES_ROOT > AllFilesystemObjects > shell
ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားပါ။

ပြီးသွားရင် shell အောက်က SPFS.ContextMenu ဆိုတာကို Seletct ပြုလုပ်လိုက်ရပါမယ်။ Select ပြုလုပ်ပြီး ရင် အဆိုပါ ဖိုင်ကို Delete ပြုလုပ်လိုက်ပါ။

အဆိုပါ လုပ်ငန်းစဉ်ကို တကယ်ပြုလုပ်မှာလားမေးတဲ့ Confirmation box တက်လာရင် Yes ကိုနှိပ်ပေးလိုက်ပါ။

ပြီးသွားပြီဆိုရင်တော့ Folder တစ်ခုခုကို Right-click ပြုလုပ်ပြီး Context Menu ကို ဖွင့်လိုက်ပါ။ အဆိုပါ SkyDrive Pro ကို Context Menu ကနေ ဖယ်ရှားသွားတာကိုတွေ့ရပါလိမ့်မယ်။

Ref: maketecheasier