Ooredoo က နံပါတ်အလှကို ဦးရာလူစနစ်ဖြင့် ရောင်းမည်ဟုဆို

Ooredoo-Sim.gif

အခြားသောဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် မိုဘိုင်းဖုန်းနံပါတ်အလှများကို လေလံစနစ်ဖြင့် ရောင်းချနေစဉ် ဆက်သွယ်ရေးအော်ပရေတာ တစ်ခု ဖြစ်သည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်း နံပါတ်အလှများကို ဦးရာလူစနစ်ဖြင့် ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။

လက်ရှိအသုံးပြုနေသည့် အ ခြားသောဆက်သွယ်ရေး အော်ပရေတာများ၏ မိုဘိုင်းဖုန်းနံပါတ် နှင့် ဆင်တူနံပါတ်များအပြင် အခြားသော မိမိစိတ်ကြိုက်နံပါတ် များကို ၄င်းတို့၏ အရောင်းဆိုင် ၂၂ ဆိုင်တွင် စတင်ရောင်းချနေ ကြောင်း Ooredoo က ကြေညာခဲ့ခြင်းဖြစ်သည်။

ဈေးနှုန်းအနေဖြင့် အနိမ့်ဆုံး ၁,၅၀၀ ကျပ် သတ်မှတ်ထားပြီး စိတ်ကြိုက်နံပါတ်အလိုက် ဈေးနှုန်း အမျိုးမျိုးသ တ်မှတ်ထားသော်လည်း အမြင့်ဆုံး သတ်မှတ်ထား သည့်ဈေးနှုန်းကို Ooredoo က တိကျစွာပြောဆိုခဲ့ခြင်း မရှိပေ။“ အမြင့်ဆုံးဈေးနှုန်းက သိန်း ၅၀ လောက်အထိတော့ရှိနိုင်တယ်။ ဥပမာ ၉၉၉၉၉၉ လိုဟာမျိုးတွေ က ကော်မာရှယ်သုံးတာတွေလည်း ဖြစ်သွားတယ်”ဟု Ooredoo မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

“လက်ရှိ သုံးနေတဲ့ နံပါတ် နဲ့ ဆင်တူနံပါတ်ကအစ ကံ ကောင်းစေတဲ့နံပါတ်တွေ၊ အ လွယ်တကူမှတ်မိနိုင်တဲ့နံပါတ် တွေ၊ အထူးစိတ်ကြိုက်နံပါတ်တွေ ကို ဝယ်ချင်ပါတယ် ဆိုလို့ အသုံးပြု သူဆီက အကြံပြုချက်တွေ အများ ကြီးလက်ခံရရှိထားပါတယ်။ ကျွန် တော်တို့စတင် မိတ်ဆက်ပေးချင်ခဲ့တာလည်း ကြာခဲ့ပါပြီ”ဟု Ooredoo ရဲ့ စီအီးအိုဖြစ်သူ Mr. Rene Meza ကပြောသည်။

မိုဘိုင်းဖုန်းနံပါတ်အလှများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပထမဦးဆုံးအနေဖြင့် လေလံတင်ရောင်းချခြင်း များပြုလုပ်ခဲ့ပြီး အခြားသောဆက် သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့် Telenor ကလည်း ၎င်းတို့၏ မိုဘိုင်းဖုန်းနံပါတ်အလှများကို လေလံတင်ရောင်းချရန် ပြင် ဆင်နေပြီဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် မကြာသေးခင်က ၄င်းတို့၏ မိုဘိုင်းဖုန်းနံပါတ်အလှများ ကို လေလံတင်ရောင်းချခဲ့ပြီး အ ဆိုပါလေလံပွဲမှ အသားတင်ဝင်ငွေ ကျပ်သိန်းထောင်ကျော် ရရှိခဲ့သည်။  Telenor အနေဖြင့်လည်း ယခင်က ၎င်းတို့၏ နံပါတ်အလှများကို ဈေးနှုန်းတစ်ခု သတ်မှတ်၍ ရောင်းချခြင်းများ ရှိခဲ့သော်လည်း ယခုအခါ လေလံတင်ရောင်းချရန် ပြင် ဆင်လာခဲ့သည်။