Android 6.0 Marshmallow ကို Galaxy ထုတ်ကုန်များထံ Samsung စတင်ဖြန့်ချိ

Google-Android-Marshmallow-Robert-Nyman-Flickr-930x752.jpg

ကုမ္ပဏီ၏ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်များဖြစ်သော Galaxy S6 နှင့် S6 Edge အတွက် Android 6.0 Marshmallow ကို ဖြန့်ချိပေးလိုက်ကြောင်း Samsung မှ ကြေညာလိုက်သည်။

ပြီးခဲ့သည့်နှစ် မေလက I/O 2015 ကွန်ဖရင့်စ်တွင် ပထမဦးဆုံး ပွဲထုတ်မိတ်ဆက်ပေးခဲ့သော Android Marshmallow ကို စက်တင်ဘာလတွင် ဖြန့်ချိပေးခဲ့သည်။

Android Marshmallow အသုံးပြုမှုနှုန်းသည် လက်ရှိတွင် ၁.၂ ရာခိုင်နှုန်းသာရှိပြီး ဟန်းဆက်ထုတ်လုပ်သူများကလည်း upgrade သစ်များ ဖြန့်ချိရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။

Samsung ကမူ Galaxy S6 နှင့် S6 Edge အတွက် Marshmallow update ကို ဖြန့်ချိပြီး မကြာမီတွင် အခြားသော Galaxy ထုတ်ကုန်များအတွက် ဖြန့်ချိပေးသွားမည်ဟု ပြောကြားခဲ့သည်။

Samsung သည် ဖေဖော်ဝါရီလ ၂၁ ရက်တွင် Galaxy S7 စမတ်ဖုန်းသစ်ကို မိတ်ဆက်ရန် ပြင်ဆင်လျက်ရှိသည်။

Ref: VentureBeat