IP Camera

IP-Camera.jpg

အနီး၊ အဝေး ပူစရာမလိုဘဲ အင်တာနက်ဆက်သွယ်လို့ရသည့် မည်သည့်နေရာမှမဆို တိုက်ရိုက်ကြည့်ရှုခြင်း၊ ပြန်ကြည့်ခြင်းများကို ပြုလုပ်နိုင်မည့် IP ကင်မရာဖြစ်သည်။ D2P အမျိုးအစား မော်ဒယ် TC-809 HD ဖြစ်ပြီး 720P HD အရည်အသွေးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ အင်တာနက်အပြင် Wifi စနစ်ဖြင့်ပါ ပေ ၁၀၀ ပတ်လည်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ နေ့၊ ညမရွေး အသုံးပြုနိုင်သော IR စနစ် ပါဝင်သည်။ IP စနစ်ဖြင့် ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများမှ တိုက်ရိုက်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။ ကင်မရာတွင် စပီကာပါဝင်သည့်အတွက် ဖုန်းဆက်ကာ အသံဖြင့် အမိန့်ပေးနိုင်သလို လူမသိစေဘဲ အသံဖမ်းခြင်းကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ကင်မရာထဲတွင် Micro SD ကတ် 32 GB အထိ ထည့်သုံးနိုင်ပြီး ဖုန်းဖြင့် Format ရိုက်နိုင်မည်ဖြစ်သည်။ ကင်မရာကို အပေါ်၊ အောက်၊ ဘေးဘယ်ညာ ၃၅၅ ဒီဂရီအထိ ပတ်လည် လှည့်ရိုက်နိုင် မည်ဖြစ်သည်။ Preset Function များလည်း ပါဝင်ပြီး ရိုက်ကူးမှုကို စိတ်ကြိုက်လုပ်နိုင်မည်ဖြစ်သည်။ iPhone သာမက Android စနစ်သုံးဖုန်းများဖြင့်ပါ ချိတ်ဆက် အသုံးပြုနိုင်သည်။ ဓာတ်ပုံလည်းရိုက်ပေးနိုင်မည်ဖြစ်သည်။ နေရာမရွေး တပ်ဆင်နိုင်ပြီး DC 5V ဖြင့်အသုံးပြုရမည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ်တစ်သိန်းဝန်းကျင်ဖြစ်ပြီး Best Seller ဖုန်း ၀၉၅၁၃၇၅၈၁၊ ၀၉-၇၈၅၁၀၉၄၄၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။