iPhone 7 ပရိုဆက်ဆာများကို TSMC မှသာ ထုတ်လုပ်မည်ဟုဆို

a9-SH-9to5mac-2016feb11.jpg

ထိုင်ဝမ် Semiconductor ထုတ်ကုန်လုပ်သော TSMC အမည်ရ ကုမ္ပဏီသည် မျိုးဆက်သစ် iPhone တွင် အသုံးပြုသော ပရိုဆက်ဆာကို တစ်ဦးတည်း ထုတ်လုပ်နိုင်ရန် သဘောတူညီချက် ရယူနိုင်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာန Electronic Times မှဖော်ပြခဲ့သည်။ TSMC နှင့် Samsung သည် iPhone 6s နှင့် iPhone 6s Plus အတွက် ပရိုဆက်ဆာများ တည်ဆောက်ရန် တွဲဖက်လုပ်ဆောင် ခဲ့သည်။

TSMC သည် 10-nanometer နည်းပညာကြောင့် အဆိုပါ သဘောတူညီချက်ကို Samsung ကိုကျော်လွန်၍ ရယူနိုင်ခဲ့ကြောင်း သိရသည်။ TSMC သည် A10 ဟုအမည်ရသော မျိုးဆက်သစ်ချစ်ပ်များကို ဇွန်လတွင် အပြည့်အဝ ထုတ်လုပ်ရန် မျှော်လင့်ကြောင်း သိရသည်။ iPhone 7 သည် စက်တင်ဘာလတွင် ထွက်ရှိလာဖွယ်ရှိကြောင်း သိရသည်။

Ref: 9to5mac