Picasa photo editor ထောက်ပံ့မှုကို Google ရပ်ဆိုင်းမည်

160214140855-picasa-screen-shot-780x439.jpg

Google သည် ကုမ္ပဏီ၏ photo editor နှင့် sharing ဝန်ဆောင်မှုဖြစ်သော Picasa ကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

အဆိုပါ desktop application သည် ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်မှစတင်ကာ Google ၏ အထောက်အပံ့ကို ရရှိတော့မည်မဟုတ်ကြောင်း ကုမ္ပဏီ၏ blog post တွင် ရေးသားဖော်ပြခဲ့သည်။ သုံးစွဲသူများ၏ Picasa Web Album များကို မေလတွင် ကုမ္ပဏီက စုဆောင်းပေးမည်ဖြစ်သည်။

Google Photos အကြီးအကဲဖြစ်သူ အန်နီလ်ဆက်ဟာဝယ်၏ blog post တစ်ခုတွင်မူ ကုမ္ပဏီအနေဖြင့် Picasa ကို အနားပေးပြီး မိုဘိုင်းနှင့် desktop တွင် လုပ်ဆောင်ချက်များပိုမိုထောက်ပံ့ပေးနိုင်မည့် ဝန်ဆောင်မှုတစ်ခုကို အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။

Google Photos ကို ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် Google account တစ်ခုရှိသူ မည်သူမဆို ၎င်းတို့၏ မိုဘိုင်းထုတ်ကုန်၊ လက်တော့ပ်နှင့် နေရာလွတ် အကန့်အသတ်မရှိသော cloud သိုလှောင်မှုတစ်ခုအကြား ဓာတ်ပုံများကို အလိုအလျောက် sync လုပ်ပေးမည်ဖြစ်သည်။

Desktop photo editor ဖြစ်သော Picasa ကို download ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်သော်လည်း operating system သစ်များအတွက် update များ ဆက်လက်ထောက်ပံ့ပေးမည် မဟုတ်ကြောင်း Google မှ ပြောကြားခဲ့သည်။ Picasa Web Album များတွင် သိမ်းဆည်ထားသော အရာများကို Google Photos ပေါ်တွင် တွေ့မြင်ရမည်ဟု ကုမ္ပဏီမှ ဆိုသည်။

“သုံးစွဲသူတွေအနေနဲ့ Picasa Web Album တွေကို ကြည့်တာတွေ၊ download ပြုလုပ်တာတွေနဲ့ ဖျက်တာတွေကို ပြုလုပ်နိုင်ပါမယ်။ ဒါပေမဲ့ album တွေ ဖန်တီးတာ၊ စုစည်းတာနဲ့ ပြင်ဆင်တာတွေကို Google Photos မှာပဲ လုပ်နိုင်ပါမယ်” ဟု ကုမ္ပဏီ၏ post တွင် ဖော်ပြခဲ့သည်။

Picas သည် ဈေးကွက်အတွင်း ပထမဦးဆုံး ကျယ်ပြန့်စွာအသုံးပြုခဲ့သော photo editing ပရိုဂရမ်များအနက်တစ်ခု ဖြစ်သည်။ ၎င်းကို စီးပွားရေးလုပ်ငန်းရှင် ဘီလ်ဂရော့စ်၏ Idealab အကူအညီဖြင့် ၂၀၀၂ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် Picasa ကို Google က ဝယ်ယူခဲ့သည်။

Ref: CNNMoney