Apple Music သုံးစွဲသူ ၁၁ သန်းနှင့် iCloud သုံးစွဲသူ ၇၈၂ သန်းရှိကြောင်း Apple ကြေညာ

apple-music-0119-2.0.0.jpg

၂၀၁၅ ခုနှစ် ဇွန်လတွင် နိုင်ငံပေါင်း ၁၀၀ ၌ မိတ်ဆက်ပေးခဲ့သော Apple Music ကို လစဉ်အခကြေးပေးသွင်းပြီး သုံးစွဲသူ ၁၁ သန်းရှိကြောင်း Apple အမှုဆောင်များဖြစ်သော ခရိတ်ဖက်ဒါရစ်ဂီနှင့် အက်ဒီကူးတို့က ကြေညာခဲ့သည်။

နှိုင်းယှဉ်မှုပြုလုပ်ရလျှင် Android တွင်ပါ အသုံးပြုနိုင်သော Apple Music ၏ သုံးစွဲသူအရေအတွက်ကို ရရှိရန် Spotify က ၆ နှစ်ခန့် အချိန်ယူခဲ့ရသည်။ Apple Music သုံးစွဲရန်အတွက် တစ်လလျှင် ၉.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

ဆက်လက်ပြီး iCloud သုံးစွဲသူဦးရေ ၇၈၂ သန်းရှိကြောင်း Apple အမှုဆောင်များက ကြေညာခဲ့သည်။ Apple ထုတ်ကုန် ၁ ဘီလီယံကျော်တွင် အသုံးပြုနိုင်သော Apple ၏ အခမဲ့ဝန်ဆောင်မှုဖြစ်သည့် iCloud တွင် သုံးစွဲသူများက ဓာတ်ပုံများ စုစည်းသိမ်းဆည်းခြင်း၊ ထုတ်ကုန်များခြေရာခံခြင်း၊ document များသိမ်းဆည်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

ထို့အပြင် တစ်စက္ကန့်တိုင်းတွင် iMessage ပေးပို့မှု ၂၀၀,၀၀၀ ကျော်ရှိပြီး iTunes နှင့် App Store တွင် ဝယ်ယူမှုမှာ တစ်ပတ်လျှင် သန်း ၇၅၀ ရှိကြောင်း Apple အမှုဆောင်များက ပြောကြားခဲ့သည်။

Ref: TheVerge