Valore NFC Bluetooth Speaker

Valore-NFC-Bluetooth-Speaker.jpg

မိမိနားဆင်လိုသည့် တေးဂီတရသကို အပြည့်အဝ ခံစားနားဆင်နိုင်မည့် Singapore Brand  ဖြစ်သော Valore NFC Bluetooth Speaker (V-BTS90) ဖြစ်သည်။ အဆိုပါ speaker ဖြင့် မိမိ Smartphone, Tablet များမှသီချင်းများကို Bluetooth စနစ်ဖြင့်သာမက Near Field Communication ( NFC ) စနစ်ဖြင့်ပါ ချိတ်ဆက်နားဆင်နိုင်မည် ဖြစ်သည်။ ကြိုးဖြင့် ချိတ်ဆက်အသုံးပြုလိုသူများအတွက် 3.5 mm Jack ပေါက်ပါဝင်သည်။ Bass အသံနှင့် Treble အသံပိုမိုကြည်လင်ပြတ်သားပေါ်လွင်စေရန် ပြုလုပ်ထားသော Speaker ဖြစ်သည်။ အသံထွက်ကောင်းမွန်သည့် အရည်အသွေးသာမက အကြမ်းခံနိုင်ရန်အတွက် Tank Base Structure ဖြင့် တည်ဆောက်ထားသည်။ Speaker ပတ်ပတ်လည်ကို ရာဘာဖြင့် ပြုလုပ်ထားသည့်အတွက် အထိအခိုက်အပွန်းအပဲ့ခံနိုင်မည် ဖြစ်သည်။ Valore Speaker ၏ အဓိက အားသာချက်မှာ ရေစိုခံနိုင်ခြင်းဖြစ်သည်။ Built-in Mic ပါဝင်သည့်အတွက် သီချင်းနားထောင်ရင်း ဖုန်းဝင်လာသည့်အခါ ဆက်သွယ်ထားမှုကို ဖြုတ်စရာမလိုဘဲ ပြန်ပြောနိုင်မည်ဖြစ်သည်။ အရောင်မျိုးစုံရှိပြီး တန်ဖိုးမှာ ၃၃,၀၀၀ ကျပ်ဖြစ်သည်။ KMD အရောင်းစင်တာများတွင် ဝယ်ယူရရှိနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်း ၀၁-၃၈၁၁၂၉၊ ၅၀၃၅၁၁၊၂၂၀၅၅၅ ၌ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။