GWoffice အား Ubuntu OS တွင် ထည့်သွင်း အသုံးပြုခြင်း

7517153286_ce76563e19_b.jpg

Google Web Office (GWoffice) ဆိုတာကတော့ Synchronization ကို အခြေခံကာ Google Doc ကဲ့သို့ Document များကို Web ပေါ်မှ ပြုလုပ်နိုင်ရန်အတွက် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို Offline အသုံးပြု နိုင်ရန်အတွက်ကိုလည်း စီစဉ်ပေးထားပါတယ်။ Google Doc နဲ့ပေါင်းစပ်ပြီး ဖန်တီးပေးထားတဲ့ GWoffice ဟာ Document တွေကို အလွယ်တကူနဲ့ ပြုလုပ်ဖန်တီး သုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

Ubuntu OS မှာ GWoffice ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

နောက်တစ်ဆင့်ကတော့ GWoffice ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-

sudo add-apt-repository ppa:tombeckmann/ppa

sudo apt-get update

sudo apt-get install gwoffice

ဆိုတဲ့ command တွေပဲဖြစ်ပါတယ်။ အဆိုပါ command များကို ထည့်သွင်းပြီးသွားရင် သက်ဆိုင်ရာ Package တွေကို download ပြုလုပ်မှာဖြစ်ပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွား ပါလိမ့်မယ်။

GWoffice ကို ရှင်းလင်းတဲ့ ဒီဇိုင်းနဲ့ဖန်တီး ပြုလုပ်ပေးထားပြီး သုံးစွဲသူ ကြိုက်နှစ်သက်စေမယ့် သွင်ပြင်မျိုးနဲ့ ဖန်တီးပြုလုပ် ပေးထားပါတယ်။ File တွေကို Online ဖြစ်နေတဲ့အချိန်မှာ Google Drive နဲ့ချိတ်ဆက်ပြီး Sync ပြုလုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်သလို၊ အင်တာနက် ကွန်နရှင်မရှိတဲ့ အချိန်မှာလည်း Offline အဖြစ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။