Tobacco Smoke Alarm

Tobacco-Smoke-Alarm.jpg

Wizmart အမှတ်တံဆိပ် NB-707 V မော်ဒယ် Tobacco Smoke Alarm ဖြစ်သည်။ ကျန်းမာရေးဂရုစိုက်သူများအတွက် အသုံးဝင်စေမည့် စီးကရက်မီးခိုးငွေ့စစ်ဆေး အချက်ပြပေးသည့် ကိရိယာဖြစ်သည်။ အိမ်ခန်း၊ ရုံးခန်း၊ ဂိုဒေါင်၊ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ကလေးပြုစုရေးဌာန၊ ကျောင်းစသော လူအများရှိပြီး ဆေးလိပ် မသောက်ရတားမြစ်ထားသည့် နေရာမျိုးအတွက် အသုံးဝင်မည်ဖြစ်သည်။ ဆေးလိပ်မီးခိုးငွေ့ကိုအာရုံခံပြီး မီးခိုးနံ့ရသည်နှင့်အချက်ပေးသံ ထုတ်ပေးမည်ဖြစ်သည်။  လူတစ်ယောက်ယောက်စောင့်ကြည့်ပြီး သတိပေးစရာမလိုတော့ဘဲ အချက်ပေးသံကြားရသည်နှင့် ဆေးလိပ် တစ်ယောက်ယောက်သောက်နေသည်ကို ချက်ချင်းသိနိုင်မည်ဖြစ်သည်။ နံရံ၊ မျက်နှာကြက်များတွင် တပ်ဆင်အသုံးပြုနိုင်ပြီး DC 9V ဓာတ်ခဲအသုံးပြုထားသည်။ ဓာတ်ခဲမှာ သုံးနှစ်ခံနိုင်မည်ဖြစ်သည်။ ပေ ၂၀ ပတ်လည်အခန်းထဲတွင် တပ်သုံးနိုင်ပြီး အမြင့် ၉ ပေ၊ ၁၀ ပေခန့်တွင် တပ်ရမည်ဖြစ်သည်။ ဓာတ်ခဲအားနည်းပါက အချက်ပေးပြီး ဆေးလိပ်အချက်ပေးသံကို အဆင့်သုံးဆင့် အထိပေးထားသည်။ တန်ဖိုးမှာ ကျပ် ၄၅,ဝဝဝ ဖြစ်ပြီး Asia Best Link ဖုန်း ၃၉၉၁၂၉ နှင့် ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။