SMS နှင့် တစ်ခုထက်ပိုသည့် account များကို Facebook Messenger တွင် မကြာမီ ထောက်ပံ့ပေးမည်

messenger-1200x600.jpg

Facebook သည် Messenger တွင် တစ်ခုထက်ပိုသည့် account များအပြင် SMS ထောက်ပံ့မှုကို မကြာခင် ထည့်သွင်းသွားဖွယ်ရှိကြောင်း Android Police မှ ဖော်ပြခဲ့သည်။ အဆိုပါ feature များသည် စမ်းသပ်မှုအတွင်း ပါဝင်သော သုံးစွဲသူများက သတိပြုမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က Messenger တွင် SMS ကို သုံးစွဲမှု နည်းပါးသောကြောင့် ဖြုတ်ပစ်ခဲ့ဖူးသည်။ Messenger ကဲ့သို့ chat app များသည် ခေတ်ရေစီးကြောင်း ဖြစ်လာသောကြောင့် Facebook အနေဖြင့် ပြောင်းလဲမှု ပြုလုပ်လိုလျက်ရှိသည်။ Messenger ကို Facebook account မလိုအပ်ဘဲ အသုံးပြုနိုင်သည်။

ပုံမှန် Messenger chat များသည် အပြာရောင်ဖြစ်ပြီး SMS message များမှာ ခရမ်းရောင်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Messenger တွင် Multiple account ထောက်ပံ့မှုကို settings panel အတွင်း ချိတ်ဆက်လိုသည့် account များအကြား ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။

Ref: TheNextWeb