1-Terabit အင်တာနက် ဂြိုဟ်တုသစ်များဖြင့် ဝေးလံခေါင်သီသော နေရာများ၌ မြန်နှုန်းမြင့် အင်တာနက် ထောက်á€

SEF13-04463_Boeing_Ka_band_702HP__2_.0.0.jpg

အမေရိကန် အခြေစိုက် ဂြိုဟ်တုကုမ္ပဏီ ViaSat သည် Boeing နှင့်ပူးပေါင်း၍ ကမ္ဘာတစ်ဝန်းရှိ ဝေးလံခေါင်ဖျားသော နေရာများတွင် မြန်နှုန်းမြင့် အင်တာနက် ရရှိစေမည့် ဂြိုဟ်တုသစ် ၃ ခု ဖန်တီးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုထုတ်ကုန်ပြန်ချက်ကို ViaSat က ယခင်ဂြိုဟ်တုမျိုးဆက် ViaSat-2 လွှင့်တင်ရန် သတ်မှတ်ထားသည့် ရက်မတိုင်မီ လအနည်းငယ်အလိုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ViaSat-3 ဂြိုဟ်တုသစ်များသည် စွမ်းဆောင်ရည် အလွန်ကောင်းမွန်သည်။ ဂြိုဟ်တုတစ်ခုလျှင် စုစုပေါင်းကွန်ရက်ဝင်ဆံ့မှုပမာဏ 1 Tbps (Terabit per second) အထိသယ်ဆောင်နိုင်ပြီး ViaSat-2 ၏ စွမ်းဆောင်ရည်ထက် ၃ ဆ ပိုမိုသည်။ အဆိုပါဂြိုဟ်တုများဖြင့် ViaSat က အမေရိကန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှနိုင်ငံများ၏ ဝေးလံသောဒေသများရှိ လူနေအိမ်များသို့ 100 Mbps ဝန်ဆောင်မှုကို ထောက်ပံ့နိုင်မည် ဖြစ်သည်။ ကနဦးတွင် ဂြိုဟ်တု ၂ လုံးကို လုပ်ဆောင်ပြီးပြီ ဖြစ်ကြောင်း ViaSat ကပြောကြားခဲ့ပြီး Boeing ကမူ ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် လွှင့်တင်ရန် စီစဉ်ထားသည်။

အဆိုပါ ဂြိုဟ်တုသစ်များသည် လူနေအိမ်များထံသို့ ချိတ်ဆက်နိုင်သည့်အပြင် စီးပွားဖြစ်လေကြောင်းလိုင်းများ၊ အထူးသီးသန့် ဂျက်လေယာဉ်များနှင့် အစိုးရလေယာဉ် များအတွက် in-flight ချိတ်ဆက်မှုများကို ပိုမိုကောင်းမွန်စေမည်ဟု ViaSat မှ ပြောကြားခဲ့သည်။ ထို့အပြင် ပင်လယ်သမုဒ္ဒရာနှင့် အခြားသော ရေနံနှင့် ဓာတ်ငွေ့ကဲ့သို့သော ကော်ပိုရိတ် လုပ်ငန်းများအတွက် 1 Gbps ချိတ်ဆက်မှုကို ထောက်ပံ့ ပေးနိုင်သည်ဟု ဆိုသည်။

ViaSat ၏ ဂြိုဟ်တုသစ် ၃ လုံးသည် လက်ရှိတွင် ကမ္ဘာကို လည်ပတ်နေသော စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တု ၄၀၀ ၏ စုစုပေါင်းကွန်ရက် ဝင်ဆံ့မှု ပမာဏထက် နှစ်ဆကျော် ထောက်ပံ့ပေးနိုင်သည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: TheVerge