Kali Linux ကို Android Device များပေါ်မှာ ဘယ်လိုထည့်သွင်းမလဲ

Cover.jpg

Kali Linux ကို စိတ်ပါဝင်စားစွာ သုံးစွဲနေသူများရော အခုမှ စတင်အသုံးပြုမယ့် သူတွေပါ မိမိရဲ့ Android ဖုန်း ဒါမှမဟုတ် Tablet အစရှိတာတွေ ပေါ်ကနေ သွားလေရာမှာ အသုံးပြုနိုင်ဖို့အတွက် Android Device တွေပေါ်မှာ Kali Linux ကို ထည့်သွင်းနည်းဖြစ်ပါတယ်။

Kali Linux ဟာ Hacking Tool များစွာပါဝင်တဲ့ Operating System တစ်ခုဖြစ်ပြီး Penetration တွေအတွက် Pentester တွေ အများဆုံးအသုံးပြုတဲ့ OS တစ်ခု ဖြစ်ပါတယ်။ Kali Linux ကို Android OS အသုံးပြုထားတဲ့ Device တွေမှာ ထည့်သွင်းအသုံးပြုဖို့ လိုအပ်ချက်တွေကတော့

– Android Device ဟာ Root ပြုလုပ်ပြီးသား ဖြစ်ရပါမယ်။
– နောက်ထပ်လိုအပ်ချက်ကတော့ Busy Box apk ရှိရပါမယ်။ Busy Box apk ကို Download ပြုလုပ်နိုင်ပါတယ်။
– Linux Deploy လည်း လိုအပ်မှာဖြစ်ပါတယ်။ Linux Deploy ကို Download ပြုလုပ်နိုင်ပါတယ်။
– Android VNC Viewer ကို download ပြုလုပ်ထားရပါမယ်။ Android VNC Viewer ကို Download ပြုလုပ်နိုင်ပါတယ်။
– ပြီးသွားရင် 4GB ပမာဏအနည်းဆုံး အလွတ်ရှိတဲ့ External Memory ရှိရန် လိုအပ်မှာဖြစ်ပါတယ်။
– နောက်ဆုံးလိုအပ်ချက်ကတော့ မြန်နှုန်းမြင့်အင်တာနက်လိုင်း ရှိရပါမယ်။

Android Device မှာ Kali Linux ထည့်သွင်းရန်အတွက် UNIX Script တွေကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ဒါကြောင့် UNIX Script ကို ထည့်သွင်းရန် Busy Box ကို Install ပြုလုပ်ရပါမယ်။ Busy Box ကို Install ပြုလုပ်ပြီးရင် Busy Box version ကို ရွေးချယ်ပေးလိုက်ပါ။

ရွေးချယ်ပြီးသွားရင် Install button ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Script တွေကို download ပြုလုပ်ပြီး ထည့်သွင်းသွားပါလိမ့်မယ်။

Script တွေကို Download ပြုလုပ်ပြီး Install ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ အဆင့်ပြီးဆုံးကြောင်း Message box မှာ ဖော်ပြပေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Busy Box ကို Install ပြုလုပ်ပြီးပြီဆိုရင် Linux Deploy ကို ထည့်သွင်းတဲ့အဆင့် ဖြစ်ပါတယ်။ Linux Deploy ဟာ Android OS ပေါ်မှာ Kali Linux ကို download ပြုလုပ်ပြီး Install ပြုလုပ်နိုင်ဖို့အတွက် တရားဝင်ထုတ်လုပ်ဖြန့်ချိပေးထားတဲ့ app တစ်ခု ဖြစ်ပါတယ်။ အောက်မှာပြုလုပ်ရမယ့် အချက်များအတိုင်း လုပ်ဆောင်ပေးရပါမယ်။ Linux Deploy ကို ထည့်သွင်းပြီးတာနဲ့ Properties ဆိုတာကို နှိပ်လိုက်ပါ။

ပြီးသွားရင် distribution ဆိုတာကို နှိပ်လိုက်ပါ။

Distribution ကို နှိပ်ပြီးရင် Kali Linux ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ အခြားသော Settings များကိုထွက်ပြီး Default Settings ဖြစ်တဲ့ GNOME ဆိုတာကိုပဲ ရွေးချယ်ပေးထားလိုက်ပါ။

နောက်တစ်ဆင့်ကတော့ Component တွေကို ရွေးချယ်ပေးရတဲ့အဆင့် ဖြစ်ပါတယ်။ အကုန်လုံးကို ရွေးချယ်ပေးလိုက်ပါ။

အဆိုပါ အဆင့်တွေပြီးသွားရင် GUI Settings မှာ Screen width နဲ့ height ကို အဆင်ပြေအောင် ချိန်ညှိပေးရပါမယ်။

ပြီးသွားပြီဆိုရင် Install Button ကို နှိပ်ပြီး စတင် Install ပြုလုပ်ရပါမယ်။

GNU/Linux ကို စတင်ပြီး Install ပြုလုပ်တော့မလားဆိုရင်တော့ Ok ကို နှိပ်ပေးလိုက်ပါ။

.

ဒီနေရာမှာ သတိထားရမှာကတော့ SMS နဲ့ Voice Call အစရှိတာတွေကို ပိတ်ထားရပါမယ်။ အကယ်၍ အဆိုပါ Service များ ဝင်လာပါက Download ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်ကို ဖြတ်တောက်ပြစ်နိုင်တာကြောင့် WiFi လိုင်းကိုသာ အသုံးပြုပြီး အဆိုပါလုပ်ငန်းစဉ်တွေကို Disable ပြုလုပ်ထားပေးရပါမယ်။

ဒီနေရာမှာ ပြုလုပ်တဲ့လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီဆိုရင် Start Button ကို နှိပ်ပြီး Linux file ကို mount ပြုလုပ်ရပါမယ်။

နောက်တစ်ဆင့်ကတော့ Android VNC Viewer ကို ဖွင့်ရမှာဖြစ်ပါတယ်။ Android VNC Viewer ကနေ Kali Linux အတွက် Nick Name နဲ့ Password ကို ရိုက်ထည့်ပေးရပါမယ်။ Default Password ကတော့ ischangeme ဆိုတဲ့ password ဖြစ်ပါတယ်။ ပြီးသွားရင် Linux Deploy ကပေးထားတဲ့ IP Address 192.168.1.35 ကို ထည့်သွင်းရပါမယ်။ Port ကတော့ 5900 ဖြစ်ပါတယ်။ IP Address နဲ့ Port ကိုတော့ Linux deploy က ထုတ်ပေးတာကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ User Name နေရာမှာတော့ Android ဆိုတာကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးသွားပြီဆိုရင် Connect ဆိုတဲ့ Button ကို နှိပ်လိုက်တာနဲ့ Kali Linux ကို Android device မှာ စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အကယ်၍ Kali Linux ကို မသုံးတော့ဘဲ Shutdown ပြုလုပ်မယ်ဆိုရင် VNC Viewer ကို ပိတ်ပါ။ ပြီးရင် Linux Deploy မှာ Stop ဆိုတဲ့ Button ကို နှိပ်ပေးရပါမယ်။ ပြီးပြီဆိုရင်တော့ Ok ကို ထပ်မံနှိပ်ပေးရပါမယ်။ ဒါဆိုရင်တော့ Kali Linux ဟာ Android OS ပေါ်ကနေ unmount ပြုလုပ်ပြီး Shutdown ဖြစ်သွားပါလိမ့်မယ်။ (ပုံ-၁၄)

Android device တွေမှာ Kali Linux ထည့်သွင်းတာကတော့ Device တိုင်းမှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

Ref: thehackersboard