Wave Money အစီအစဉ်အား ယခုနှစ်ပထမသုံးလပတ်တွင် လုပ်ငန်းစတင်နိုင်ရန် ခွင့်ပြုချက်စောင့်ဆိုင်းနေ ဟု

12715757_1126782284021880_860759294196401013_n.jpg

မိုဘိုင်းငွေကြေးလုပ်ငန်းများ ဆောင်ရွက်မည့် Wave Money အစီအစဉ်အား ၂၀၁၆ ခုနှစ်၏ ပထမသုံးလပတ်တွင် လုပ်ငန်းများစတင်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နောက်ဆုံးခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မိုဘိုင်းငွေကြေး ၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။ Wave Money သည် တယ်လီနောနှင့် ရိုးမဘဏ်တို့မှ ပူးပေါင်းဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

“မိုဘိုင်းအော်ပရေတာတွေအနေနဲ့ ဘဏ်တွေနဲ့ ပူးပေါင်းပြီး လက်ရှိ ရှိနေတဲ့ ဖြန့်ချိရေး လမ်းကြောင်းကနေ တစ်ဆင့် ရနိုင်သမျှ အကျိုးကျေးဇူးတွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ ဘဏ်နဲ့ ဆက်သွယ်မှုမရသေးတဲ့ သူတွေဆီကို ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုရောက်ရှိအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Wave Money အနေနဲ့ မြန်မာနိုင်ငံအတွက် ဒီအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပါတယ်။ တယ်လီနောမှာရှိတဲ့ ဖြန့်ချိရေး လမ်းကြောင်း၊ ဒေသဆိုင်ရာလိုအပ်ချက်ကို ရိုးးမဘဏ်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ အခြေခံပြီး မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ လုပ်ငန်းပုံစံတစ်ခုနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု Wave Money မှ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောသည်။