PS3 ဂိမ်းစက်များအတွက် ပိုမိုကောင်းမွန်သော Firmware 4.78 ထွက်ရှိ

PS3-Firmware-AT-online-gamenews-2015Feb2.gif

PS3 ဂိမ်းစက်များအတွက် Official Firmware Version 4.78 ထွက်ရှိခဲ့ပြီး ရက်ပိုင်းအတွင်း၌ပင် အသုံးဝင် tools ပေါင်းများစွာ ပေါင်းစပ်ထည့်သွင်းပေးထားသော Custom Firmware 4.78 ထွက်ရှိလာခဲ့ကြောင်း သိရသည်။

“ယခုနောက်ဆုံးထွက်ရှိလာတဲ့ CFW 4.78 မှာ Blu-ray Drive ပျက်နေတဲ့စက်များအတွက် Boot disc သုံးရန်မလိုဘဲ ကစားနည်းမျိုးစုံကစားနိုင်သောစနစ်၊ Controller Button layout တွင် X နှင့် O ကို ကြိုက်နှစ်သက်သလို ပြောင်းလဲအသုံးပြုနိုင်သောစနစ်၊ PS1, PS2, PSP ဂိမ်း iso အခွေများကို PS3 ဂိမ်းစက်ဖြင့် ကစားနိုင်ရန် Emulators များ စသည်ဖြင့် Tools ပေါင်းမြောက်မြားစွာ ပါဝင်ပေါင်းစပ်ပေးထားပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက်ရှိထားတဲ့ PS3 ဂိမ်းခွေတွေကို ကစားနိုင်မှာဖြစ်တဲ့အပြင် အွန်လိုင်း ချိတ်ဆက် ကစားသူတွေအနေနဲ့လည်း အဆင်ပြေချောမွေ့စွာ ကစားနိုင်မှာဖြစ်ပါတယ်” ဟု ကိုမြတ်သူ SONY GAME SALE & SERVICE မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ PS3 System Version 4.78 သို့ အဆင့်မြှင့်တင်လိုပါက ကိုမြတ်သူ SONY GAME SALE & SERVICE ဖုန်း ၀၉-၄၃၀၇၅၁၅၄၊ ၀၉-၇၉၆၂၉၆၉၈၉ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။