SABRENT USB 3.0 Video Graphic Display Adapter

SABRENT-USB-3.0-VIDEO-GRAPHIC-DISPLAY-ADAPTER.jpg

SABRENT USB 3.0 Adapter သည် ကွန်ပျူ တာတစ်လုံးတည်းဖြင့် မော်နီတာများများကြည့်ချင်သူများအတွက် အဆင်ပြေစေမည့် Adapter ဖြစ်သည်။ Desktop, Laptop နှစ်မျိုးစလုံးဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည်။ အားသာချက်မှာ ကွန်ပျူတာ၏ USB 3.0 မှတစ်ဆင့် KVMs (သို့) USB Hubs အသုံးပြု ပြီး Graphic Card ထပ်စိုက်ရန်မလိုဘဲ Display Device ၆ ခုအထိ Resolution မြင့်မားစွာ ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ ပါဝါပေးစရာမလိုခြင်း၊ DVI Port (သို့) HDMI Port တို့ဖြင့် မိမိလိုအပ်သလိုပြောင်းလဲ အသုံးပြုနိုင်ခြင်းတို့ဖြစ်သည်။ Desktop (သို့) Laptop များကို Display Device များဖြစ်သော Monitor, Projector, TV များဖြင့် လွယ်ကူ
စွာ ချိတ်ဆက်အသုံးပြုချင်သူများအတွက်  SABRENT Adapter ကို အသုံးပြုပြီး USB 3.0 Port မှတစ်ဆင့် တစ်ဖက် Output Display ကို HDMI (သို့) DVI Port နှစ်မျိုးစလုံးဖြင့် ကြိုက်နှစ်သက်ရာ အသုံးပြု ပြီး ရုပ်ထွက် Preview ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ Resolution အနေဖြင့် 1920 x 1080/ 2048 x 1152 at 32 bit color
အထိ Preview ကြည့်ရှုနိုင်မည်ဖြစ်သည်။ Windows XP (32-bit), Vista (32/64-bits), Windows 7 (32/64-bits), Windows 8 (32/64bits) စသည်တို့ဖြင့်လည်း အသုံးပြုနိုင်သည်။ Package အတွင်း USB 3.0 Display Adapter, Driver CD/Quick Start Guide, USB 3.0 Cable နှင့် HDMI to DVI Adapter စသည်တို့ ပါဝင်သည်။ တန်ဖိုးမှာ  ၈၅,၀၀၀ ကျပ်ဖြစ်ပြီး  MUC (Myanmar Unique Computer) ဖုန်း – ၃၈၅၉၇၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။