Oculus ၏ ကန်ဒေါ်လာ ၁,၄၉၉ တန်ဖိုးရှိ PC bundle ကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကြိုတင်မှာယူနိုင်

oculus-ready-pc-family.1.jpg

Oculus သည် hardware ထောက်ပံ့ပေးသည့် PC ကုမ္ပဏီများနှင့် ပူးပေါင်းမှုကို မိတ်ဆက်ပြီးနောက် Oculus Rift နှင့် PC သစ်များပါဝင်သော bundle ဈေးနှုန်းအပြင် ကြိုတင်မှာယူနိုင်မည့် ရက်ကိုလည်း မိတ်ဆက်သွားခဲ့သည်။

အဆိုပါ bundle တစ်ခုစီကို “Oculus-Ready PC” ဟုခေါ်ဆိုပြီး ကုမ္ပဏီ၏ အထင်ကရ VR ထုတ်ကုန်နှင့် အသုံးပြုနိုင်စေရန် ဒီဇိုင်းထုတ်ထားသည်။ အထူးသဖြင့် ၎င်း PC များတွင် VR လိုအပ်ချက်နှင့် ကိုက်ညီစေရန် Nvidia 900 series GPU အသုံးပြုထားသလို အခြား အဓိကစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ထားသည်။

၎င်း bundle တွင် ကြိုတင်မှာယူနိုင်သော Oculus Rift ပါဝင်သည့်အပြင် sensor, remote, Xbox One ဂိမ်းခလုတ်နှင့် EVE: Valkyrie, Lucky’s Tale စသော ဂိမ်းနှစ်ခုလည်း ပါဝင်လာမည် ဖြစ်သည်။

Oculcus သည် ကနဦး ထုတ်လုပ်မည့် PC များအတွက် ASUS, Alienware နှင့် Dell တို့နှင့် ပူးပေါင်းထားသော်လည်း လာမည့်အနာဂတ်တွင် ကွန်ပျူတာကုမ္ပဏီများစွာနှင့် ဆက်လက်ပူးပေါင်းသွားမည် ဖြစ်သည်။

ထို bundle များကို ကန်ဒေါ်လာ ၁,၄၉၉ ဖြင့်စတင်ရောင်းချပြီး Best Buy, Amazon နှင့် Microsoft Store များတွင် ကြိုတင်မှာယူနိုင်မည် ဖြစ်သည်။

Ref: TheNextWeb