Android နှင့် iOS တွင် တစ်ခုထက်ပိုသော Instagram account များ အသုံးပြုနိုင်

7738305648_319e742d4b_b-728x420.jpg

Instagram သည် တောင်းဆိုမှုအခံရဆုံး feature များအနက်တစ်ခုကို နောက်ဆုံးတွင် မိတ်ဆက်ပေးလိုက်သည်။

ဓာတ်ပုံဝေမျှသည့် app ဖြစ်သော Instagram သည် iOS နှင့် Android app များတွင် တစ်ခုထက်ပိုသော account များ အသုံးပြုနိုင်မည့် အထောက်အပံ့ကို ယခုရက်သတ္တပတ်မှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

Instagram သည် အဆိုပါ feature ကို စမ်းသပ်ခဲ့ပြီးနောက် နိုဝင်ဘာလတွင် Android သုံးစွဲသူများ၌ ပထမဦးဆုံး စတင်ခဲ့သည်။ iPhone သုံးစွဲသူများကမူ version 7.15 update အပြီးတွင် ၎င်း feature ကို တွေ့မြင်ရမည်ဖြစ်သည်။

အဆိုပါ feature ကို သုံးစွဲသူ၏ profile ရှိ account settings တွင် Add Account ကိုနှိပ်ခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ တစ်ခုထက်ပိုသော account များကို ထည့်သွင်းပြီးသည့်အခါ ထိပ်ဘက်ရှိ username သို့မဟုတ် profile ကိုနှိပ်ရုံဖြင့် account များအကြား ပြောင်းလဲအသုံးပြုနိုင်သည်။ ထို့အပြင် app သည် account ၏ profile ဓာတ်ပုံကို ပြသသောကြောင့် မည်သည့် account ဖြင့် ဓာတ်ပုံတင်နေသည်ကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်သည်။

Ref: MorningNewsUSA