Resident Evil Zero: HD Remaster

resident_evil_0_1.jpg

Resident Evil Franchise ဟာ မူလ Survival Horror ဂိမ်းပုံစံကနေ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိတဲ့ Resident Evil 4 နောက်ပိုင်းကနေ main series အဖြစ်နောက်ဆုံး ထွက်ရှိခဲ့တဲ့ Resident Evil 6 အထိ Action Horror ဂိမ်းပုံစံအသွင် စတင်ပြောင်းလဲခဲ့သလို ကြားထဲမှာလည်း Resident Evil 5 ရဲ့ Lost in Nightmares DLC လိုမျိုး Nintendo 3DS ရဲ့ Resident Evil Revelations လိုမျိုး Survival Horror ဆန်တဲ့ ဂိမ်းလေးတွေကို မူလပရိသတ်အကြိုက် ထုတ်လုပ်ခဲ့ပါသေးတယ်။ Capcom အနေနဲ့ လောလောဆယ်မှာ Resident Evil Revelations ပထမဂိမ်းနှင့် Revelations 2 လိုမျိုး ဂိမ်းတွေရဲ့ရောင်းအားနဲ့ ပရိသတ်တုံ့ပြန်မှုပေါ်မူတည်ပြီး အနာဂတ်ပင်မ Resident Evil ဂိမ်းအများစုကို Action Shooter အသားပေးပုံစံပဲ ဆက်သွားသင့်သလား၊ မူလဇစ်မြစ်ဖြစ်တဲ့ Survival Horror ဘက်ကိုပဲ ပြန်သွားရမလားဆိုတာကို ဆုံးဖြတ်
သွားမှာဖြစ်ကြောင်းကြောညာခဲ့သလို ပထမဆုံး Resident Evil 1 ရဲ့ HD Remaster Version ရောင်းအားကလည်း ကောင်းခဲ့တဲ့အတွက် Resident Evil Zero နှင့် Resident Evil 2 လိုမျိုး အရင် old school Survival Horror ပုံစံဂိမ်းတွေကို HD Remaster အဖြစ်ပြန်ထုတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ၂၀၁၆ အစောပိုင်းမှာတော့ Resident Evil Zero ရဲ့ HD Remaster ထွက်လာပြီး ၂၀၁၆ နောက်ပိုင်းမှာလည်း Resident Evil 2 ကို Remastered version အဖြစ် ပြန်ထုတ်နိုင်အောင် Capcom က စီစဉ်နေပါတယ်။

Resident Evil Zero HD Remastered ဂိမ်းဟာ single player offline ဂိမ်းဖြစ်ပြီး အရင် Resident Evil ဂိမ်းဟောင်းတွေထဲမှာ Play-Station consoles မှာ မထွက်ဖြစ်တဲ့ဂိမ်းဖြစ်ပြီး Nintendo Game Cube မှာ အရင်ထွက်ပြီး နောက်ပိုင်း Nintendo Wii Console မှာသာ special edition အနေနဲ့ပြန်ထွက်လာလို့ မြန်မာနိုင်ငံက Resident Evil ဂိမ်းပရိသတ်အချို့ မဆော့ဖြစ်လိုက်ဘဲကျော်သွားတဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရမှာပါ။ ဇာတ်လမ်းအနေနဲ့ကတော့ 0 (Zero) လို့ အမည်ပေးထားတဲ့
အတိုင်းပဲ ပထမ Resident Evil ဇာတ်လမ်းမတိုင်ခင် အချိန်မှာနေရာယူထားတဲ့ နောက်ကြောင်းပြန် prequel ဂိမ်းဖြစ်ပါတယ်။ Resident Evil Zero ရဲ့ဇာတ်လမ်းအစမှာ ဖုတ်ကောင်တွေကြောင့် လူသတ်မှုတွေဖြစ်နေတဲ့ Arklay Mountains ပတ်ဝန်းကျင်ကို စုံစမ်းဖို့သွားနေတဲ့ Special Tactics And Rescue Service (STARS) အဖွဲ့ဝင် Rebecca Chambers ဟာ လမ်းတစ်ဝက်မှာ ပျက်စီးနေတဲ့ရထားကို တွေ့ရှိပြီးနောက်ပိုင်းမှာ T-Virus ဖန်တီးမှုရဲ့နောက်ကြောင်းနှင့် လူတွေကနေ ဖုတ်ကောင်တွေ အသွင်ပြောင်းစေတဲ့ စမ်းသပ်မှုတွေရဲ့ မူလစခန်းကိုပါ သွားရောက်နိုင်မှာပါ။ Rebecca Chambers အနေနဲ့ နောက်ပိုင်း Resident Evil ဂိမ်းတွေထဲမှာလည်း ပါဝင်ထားပေမယ့် Resident Evil Zero မှာပဲသီးသန့်ပါဝင်ထားတဲ့ playable character နောက်တစ်ယောက်ကတော့ Billy Coen ပဲဖြစ်ပါတယ်။ သူကတော့ ဇာတ်လမ်းအစမှာ အမိန့်မနာခံလို့ ဖမ်းဆီးခံထားရတဲ့ စစ်သားတစ်ယောက်ဖြစ်ပြီး Rebecca နှင့်ပူးပေါင်းကာ T-Virus စမ်းသပ်မှုနောက်ကွယ်က အဖြစ်အပျက်တွေကို ရှာဖွေရမယ့်ပုံစံ ဇာတ်လမ်းဆင်ထားပါတယ်။

Gameplay ပိုင်းအနေနဲ့ကြည့်မယ်ဆိုရင် 3D character model နဲ့နောက်ခံပုံသေ (Static Image) နှင့် fixed camera angle တွေကိုပဲ အသုံးပြုထားတဲ့ဂိမ်းဖြစ်လို့ အစောကြီးကတည်းက ကြည့်ကောင်းပြီးဖြစ်သလို HD remastered အဖြစ် graphics ပိုင်းနှင့်အသံ audio quality ပါမြှင့်တင်ထားလို့ အရင် ၁၀ နှစ်ကျော်က ထွက်ထားတဲ့ဂိမ်းလို့ မထင်ရဘဲ ဂိမ်းအသစ်ပုံစံမျိုးတောင်ပေါက်နေပါတယ်။ Screen Ratio အနေနဲ့ကတော့ မူလ 4:3 အချိုးရောအသစ်ဖြစ်တဲ့ 16:9 အချိုးပါပြောင်းလဲနိုင်သလို ratio ပြောင်းလိုက်ရင် character model တွေသာမဟုတ်ဘဲ နောက်ခံ background image တွေရဲ့ ratio တွေကိုပါ ပြောင်းလဲနိုင်တာတွေ့ရမှာပါ။ Control ပိုင်းကတော့ အရင် old school Resident Evil ဂိမ်းတွေမှာလို D-Pad အသားပေး Tank Control ပုံစံဆော့ရတဲ့ playstyle ရော Analog stick ကိုပဲ သုံးပြီး တိုက်ရိုက် ကိုင်တွယ်နိုင်တဲ့ပုံစံကိုရော နှစ်မျိုးစလုံး အသုံးပြုနိုင်ပါတယ်။ Gameplay ပိုင်းအနေနဲ့ အရင် Resident Evil 1 ကနေ 3 တို့၊ Resident Evil Outbreak တို့လိုမျိုး puzzle ပိုင်းနှင့် survival ပိုင်းကို အသားပေးထားတဲ့ဂိမ်းဖြစ်ပြီး Rebecca နှင့် Billy ကိုပြောင်းလဲကိုင်တွယ်ကာ puzzle တွေကို ဖြေရှင်းရမှာပါ။ ရန်သူတွေအနေနဲ့က ရိုးရိုး zombie တွေအပြင် Mutated Scorpion နှင့် Centipede လိုမျိုး အကောင်တွေနဲ့ T-Virus ဖန်တီးရာမှာ အဓိကအသုံးပြုထားတဲ့ မျှော့အကြီးစားတွေ ပါဝင်ထားပါတယ်။ PlayStation 2 မှာ ထွက်ထားတဲ့ Resident Evil Outbreak လိုမျိုး ဇာတ်ကောင်တွေပေါင်းပြီး ဆော့ရတဲ့ဂိမ်းနှစ်သက်သူတွေကလည်း Resident Evil Zero ရဲ့ partner system ကို သဘောကျမှာပါ။

Resident Evil Zero HD Remaster မှာ William Birkins နှင့် Albert Wesker တို့လို Resident Evil ဇာတ်လမ်းတွေရဲ့ အရေးကြီးတဲ့ ဇာတ်ကောင်တွေရော Wesker Mode လိုမျိုး Wesker နေရာကနေ ကစားနိုင်မယ့် game mode အသစ်တွေရော ထည့်ပေးထားလို့  main series တစ်ခုနီးပါး အရေးပါတဲ့ဂိမ်းတစ်ခုဖြစ်ပြီး Survival Horror ဂိမ်းပရိသတ်တွေနဲ့ အရင် original version ထွက်ချိန်က မကစားလိုက်ရတဲ့ Resident Evil ဂိမ်းပရိသတ်တွေ ဆော့သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။