Mac firmware တွင် bug များတွေ့ရှိခဲ့သော လုံခြုံရေး ကုမ္ပဏီကို Apple ဝယ်ယူ

bugs-SH-thenextweb-2016feb4.jpg

ပြီးခဲ့သည့်နှစ်က လုံခြုံရေးကုမ္ပဏီ LegbaCore သည် Mac ကွန်ပျူတာများရှိ firmware အတွင်းထည့်သွင်း ကူးစက်စေနိုင်မည့် ပထမဆုံး worm တစ်ခုကို ဖန်တီးခဲ့သည်။ ယခုအခါတွင် Apple သည် ၎င်းကုမ္ပဏီကို ဝယ်ယူလိုက်ပြီ ဖြစ်သည်။

ထိုတိုက်ခိုက်မှုကို Thunder strike 2 ဟုခေါ်ဆိုပြီး သုံးစွဲသူများ သတိမပြုမိစေရန် Mac firmware အား ကူးစက်စေပြီး Thunderbolt အတွင်းရှိ အားနည်းချက်ကို အသုံးချခဲ့သည်။ ထို့နောက် ချိတ်ဆက်ထားသော Thunderbolt ထုတ်ကုန်များရှိ option ROM ကိုအသုံးပြု၍ အခြားကွန်ပျူတာများကို ပျံ့နှံ့စေသည်။ လုံခြုံရေးကုမ္ပဏီ LegbaCore သည် Apple ထံသို့ ၎င်း bug အကြောင်းကို အစီရင်ခံခဲ့ကာ အဖြေထုတ် နိုင်ခဲ့ကြသည်။

LegbaCore ကုမ္ပဏီကို တည်ထောင်သူ ဇီနိုကိုဗာက “ဒီနွေရာသီတွင် Apple နှင့်ကျွန်တော်တို့ ဆွေးနွေးခဲ့ရာမှာ Apple အနေနဲ့ ပူးပေါင်းပြီး ထိရောက်မှုရှိရှိ အလုပ်တွဲလုပ်ဖို့ အလွန်စိတ်ဝင်စားနေပါတယ်”ဟု Twitter ၌ဖော်ပြသွားခဲ့သည်။ LegbaCore သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မည်သည့် အလုပ်ကိုမျှ လက်ခံလုပ်ဆောင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: TheNextWeb