Download ခလုတ်အတုများပါဝင်သော ဝက်ဘ်ဆိုက်များအတွက် သုံးစွဲသူများကို Google သတိပေးသွားမည်

SBWarnBlur.0.0.jpg

Google သည် ဝက်ဘ်သုံးစွဲသူများအား လှည့်စားထားသော ကြော်ငြာများနှင့် ပရိယာယ်ဆင်ထားသော ဆိုက်များဖြင့် ကြုံတွေ့လာသည့်အခါတွင် သတိပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း blog post တွင် ထုတ်ပြန်ခဲ့သည်။ ယခုအခါတွင် Google သည်သံသယရှိစရာ တစ်ကိုယ်ရေ အချက်အလက်များ ခိုးယူရာတွင် အသုံးပြုသည့် ကြော်ငြာအတုကဲ့သို့သော အရာများကို ခြေရာခံပေးတော့မည် ဖြစ်သည်။ Google က သုံးစွဲသူများကို “deceptive site ahead” ဟူသောစာသားဖြင့် ဖော်ပြသတိပေးသွားမည် ဖြစ်သည်။

အဆိုပါ content များပေါ်လာက ထပ်ဆင့်သတိပေးချက် အများအပြားကို ဖော်ပြပေးသွားမည် ဖြစ်ကြောင်း Google က ပြောကြားခဲ့သည်။ ၎င်းအစီအစဉ်သည် Google ၏ အင်တာနက်လုံခြုံစွာအသုံးပြုရေး (Safe Browsing) အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကာ အလားတူ သံသယဖြစ်စရာ content များအတွက် သတိပေးသွားရန် နိုဝင်ဘာလတွင် အဆင့်မြှင့်တင်ခဲ့သည်။ Chrome သုံးစွဲသူများအတွက်မူ Safe Browsing မှာ default ဖြစ်သည်။

Ref: TheVerge