Checker Plus ဖြင့် Gmail account များကို စီမံခန့်ခွဲခြင်း

l.php_.jpg

Gmail သုံးစွဲသူများ အနေနှင့် Browser တစ်ခုထဲမှာအကောင့်တစ်ခုထက်ပိုပြီး တစ်ပြိုင်ထဲ သုံးစွဲလိုတဲ့ အခါမျိုးမှာ Check Plus for Gmail ဆိုတဲ့ Extension နဲ့ သုံးစွဲ နိုင်မှာဖြစ်ပါတယ်။ Gmail ဟာ လူသုံးများတဲ့ Webmail တစ်ခုဖြစ်ပြီး အကောင့်တစ်ခုထက်ပိုပြီး အသုံးပြုသူများအတွက် အထက်ဖော်ပြပါ Extension ဟာ တစ်ချိန်ထဲမှာ Mail box များကို တစ်ပြိုင်နက် ထဲ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။

အဆိုပါ Extision ဟာ Chrome Browser အတွက် ထုတ်လုပ်ပေးထားတာ ဖြစ်တဲ့အတွက် သုံးစွဲမယ် ဆိုရင် Chrome Browser ကိုသာ အသုံးပြုမှ အဆင်ပြေမှာဖြစ်ပါတယ်။ Checker Plus for Gmail Extension ကို အသုံးပြုရန်အတွက် ပထမဆုံး Chrome Browser Webstore ကို သွားရပါမယ်။

Webstore ကိုရောက်ရင် Checker Plus for Gmail ( https://goo.gl/xkD4Ha) ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် Add Extension နှိပ်ပြီး Install ပြုလုပ်ရမှာဖြစ်ပါတယ်။ Install ပြုလုပ်ပြီးသွားပြီဆိုရင် Chrome Toolbar ညာဘက်ထောင့်နားလေး မှာ Checker Plus for Gmail Extension Icon လေးကို တွေ့ရမှာဖြစ်ပါ တယ်။

အဆိုပါ Icon လေးကို နှိပ်ပြီးသွားရင် Account ကို Browser ကနေ ဖွင့်လိုက်တာ နဲ့ Checker Plus Extension မှာ အကောင့်တွေ သွားဝင်နေမှာဖြစ်ပါတယ်။ အဆိုပါ Checker Plus Extension ကို ကလစ်နှိပ်လိုက်လျင် အကောင့်များကို ဝင်ထားတဲ့အကောင့်များကိုဖော်ပြပေး ထားမှာဖြစ်ပြီး အဆိုပါနေရာကနေ အကောင့်များကို တစ်ပြိုင်နက်ထဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref: CNET