The Batrider

wallpapersdota2.com-718.jpg

v6.77 မြေပုံကနေစတင်ပြီး နောက်ထပ်မြေပုံ ၈ ခုဆက်တိုက် Nerf ခံလာရတဲ့ Batrider ဟာ Ti5 ကာလများအထိ Professional တန်းကနေပျောက်ကွယ်ခဲ့တဲ့ Intelligence Hero တစ်ကောင်ဖြစ်ပါတယ်။ v6.85 Patch Update ကနေစပြီး Aghanim’s Scepter Upgradable ထည့်သွင်းပေးလိုက်တဲ့အပြင် နောက်ဆုံးထွက်ထားတဲ့ v6.86 Patch Update မှာတော့ Default Hp Regen ကို 0.25 ကနေ 2 အထိမြှင့်တင်ပေးလိုက်တဲ့အတွက် Offlane မှာ ပြန်လည်မြင်တွေ့ရလာတဲ့ Hero တစ်ကောင်ဖြစ်လာပါတယ်။

Batrider ဟာ AoE Damage Dealer ဖြစ်ပါတယ်။ တစိမ့်စိမ့်ထိတဲ့ Damage per Seconds Ability လေးခုနဲ့ဖွဲ့စည်းထားတဲ့အတွက် Nuker တစ်ကောင်လို့ ပြောလို့ မရပေမယ့် Initiator, Escape နှင့် Disabler Hero ဖြစ်ပြီး Offlane နဲ့ Midlane မှာ အဆင်ပြေပြေဆော့ကစားနိုင်တဲ့ Hero တစ်ကောင်လည်းဖြစ်ပါတယ်။ v6.81b မှာ Nerf ခံလိုက်ရတဲ့ Sticky Napalm ကြောင့် Batrider ကို Jungler တစ်ကောင်အဖြစ် ဆော့ကစားဖို့အဆင်မပြေတော့ဘူးဆိုပေမယ့် အစောပိုင်း Escape Ability အဖြစ် အသုံးပြုလို့ရတဲ့ Firefly, ကစားပွဲအလယ်မှာ Creep ရှင်းဖို့သင့်တော်တဲ့ Flamebreak, ပွဲနောက်ပိုင်းအထိ တန်ဖိုးရှိရှိအသုံးပြုနိုင်တဲ့ Ultimate Flaming Lasso တို့ကြောင့် Batrider ဟာ လက်ရှိ Meta မှာ တစ်ကျော့ပြန်ဦးမော့လာတဲ့ Hero ကောင်း တစ်ကောင်ဖြစ်ပါတယ်။

Abilities

Sticky Napalm ဟာ Cast Range 700  ရှိပြီး  အသုံးပြုလိုက်တဲ့ AoE 375 အတွင်းက Enemy Hero နဲ့ Unit တွေကို Slow သက်ရောက်စေမှာဖြစ်ပါတယ်။ အဆိုပါ Slow မှာ Movement Speed Slow နဲ့ Turn Rate Slow ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။ MS Slow ကတော့  ထိသွားတဲ့ Unit တိုင်းမှာ 3%/5%/7%/9% စီတိုးလာမှာဖြစ်ပြီး Turn Rate Slow ကတော့ ပုံသေ 70% Slow မှာဖြစ်ပါတယ်။ Duration က 8 Seconds ပဲရှိတဲ့အတွက် အဆိုပါအချိန်မကုန်ခင်မှာ နောက်ထပ် Napalm ထိအောင်ထပ်သုံးပေးမှ Dura-tion Refresh ပြန်ဖြစ်ပြီး MS Slow Rate ကတိုးလာမှာဖြစ်ပါတယ်။ Limit ကတော့ ၁ဝ ကြိမ် Stack နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးအဆင့်မှာ ၁ဝ ကြိမ် Stack အောင်သုံးပေးနိုင်ခဲ့မယ်ဆိုရင် 8 Seconds ကြာမြင့်မယ့် 20%/50%/70%/90% MS Slow အထိသက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးခံထားရတဲ့ Unit ဟာ Batrider အသုံးပြုလိုက်သမျှ Physical, Magical, Item Damage တိုင်းကို 10/ 15/ 20/ 25 Damage ဆီအပိုဆောင်းသက်ရောက်စေဦးမှာဖြစ်ပါတယ်။ အဆိုပါ Damage ဟာ Stack ပမာဏအတိုင်းတိုးလာမှာလည်းဖြစ်ပါတယ်။ ဥပမာ နောက်ဆုံးအဆင့် Sticky Napalm လေးချက်အသုံးပြုခံထားရတဲ့ Enemy Unit ကို Batrider က 60 Physical Damage နဲ့တိုက်ခိုက်မယ်ဆိုပါစို့။ ပုံမှန်အတိုင်းသက်ရောက်မယ့် 60 Damage အပြင် 4 Stack ကြောင့် 25×4 = 100 Damage က Extra အနေနဲ့ အပိုထပ်ဆောင်းထိဦးမှာဖြစ်ပါတယ်။ Firefly, Flamebreak နဲ့ Aghanim’s Flaming Lasso တို့သာမက Dagon, Ethereal Blade, Maelstrom, Shiva Guard စတဲ့ Item မျိုးတို့ကြောင့်ဖြစ်ပေါ်မယ့် Damage တစ်ခုစီတိုင်းကိုလည်း Sticky Napalm က Extra Damage သက်ရောက်ပေးမှာပါ။ ခြွင်းချက်အနေနဲ့ Orb of Venom, Radiance, Urn of Shadow တို့ကြောင့်ဖြစ်ပေါ်မယ့် Dps တွေကို Extra မပေးနိုင်ပါဘူး။

ရှည်လျားတဲ့ Cast Range 1500 ရှိပြီးပုံသေ Cooldown 14 Seconds ရှိတဲ့ Flamebreak ကိုတော့ ပြီးခဲ့တဲ့ v6.85 မှာ Buff ပေးလိုက်ပါတယ်။ Batrider ကို Damage Dealer အဖြစ်ဆော့ဖို့ Sticky Napalm ကိုလိုအပ်ပါတယ်။ Sticky Napalm ကနေ Damage Output များများရရှိဖို့ Duration ကြာမြင့်တဲ့ Dps ကို လိုအပ်ပါတယ်။ Flamebreak ရဲ့ Duration ကို 1/2/3/4 ကနေ 3/4/5/6 ဆိုပြီး တိုးပေးလိုက်တဲ့အတွက် Mid Game အလွန်မှာအသုံးဝင်တဲ့ Ability တစ်ခုဖြစ်လာပါတယ်။ 0.25 second Knockback သက်ရောက်မှာဖြစ်လို့ Mini Stun တစ်ခုကဲ့သို့ အသုံးပြုနိုင်တဲ့အပြင် အထက်မှာပြောခဲ့သလို Creep Wave များကိုရှင်းတဲ့အခါ အလွန်အသုံးဝင်တဲ့ Ability တစ်ခုဖြစ်ပါတယ်။

Firefly ကတော့ ပုံသေ Cooldown 40, ပုံသေ Duration 18 seconds ရှိတဲ့ Instant Ability တစ်ခုဖြစ်ပါတယ်။ Batriderကို Flying Unitတစ်ခုအဖြစ် ပြောင်းလဲပေးမှာဖြစ်ပြီး Batrider သွားရာလမ်းတစ်လျှောက်မှာ Dps ပုံမှန်လောင်နေမယ့် မီးလမ်းကြောင်းတစ်ခုကိုဖန်တီးပေးမှာဖြစ်ပါတယ်။ Flying Unit ဖြစ်နေတဲ့အတွက် ကုန်းမြင့်များ၊ Building Tower များကို စိတ်တိုင်းကျကျော်ဖြတ်သွားလာနိုင်မှာဖြစ်ပြီး အားသာချက်တစ်ခုအနေနဲ့ Techies ရဲ့ Land Mine များအပေါ်မှ ကျော်ဖြတ်သွားလာနိုင်မှာဖြစ်ပါတယ်။ Dps ဟာ 10/30/50/70 ဖြစ်လို့ Lvl 3 မှာ အနည်းဆုံးနှစ်ဆင့်ရောက်အောင်ယူသင့်ပါတယ်။ Offlane နေမယ့် Batrider အတွက် Escape တစ်ခုဖြစ်ရုံမက AgressiveBatrider အတွက်လည်း အဓိကလိုအပ်တဲ့ Ability တစ်ခုဖြစ်ပါတယ်။

Ultimate Flaming Lasso ကတော့ ဆက်တိုက် Nerf ခံထားရတဲ့ Single Target Ability ကောင်းတစ်ခုဖြစ်ပါတယ်။ Magic Immune Unit တွေကို အသုံးပြုလို့ရတဲ့ Target Disable ဖြစ်လို့ ကစားပွဲတစ်ပွဲရဲ့ အရေးအကြီးဆုံး Enemy Hero တစ်ကောင်ကို 4 seconds အထိ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ Cast Range ကတော့ အလွန်တိုတောင်းတဲ့ 100 Range သာရှိလို့ Blink Dagger ကဲ့သို့ Item မပါရင် သုံးဖို့မဖြစ်နိုင်သလောက်ရှိပါတယ်။ အသုံးပြုခံရတဲ့ Unit ဟာ Duration မကုန်မချင်း Batrider ရဲ့အနောက်ဘက် 300 Range အကွာကနေ ဒရွတ်ဆွဲပြီးလိုက်ပါနေမှာဖြစ်ပါတယ်။ v6.85 မှာ ထည့်သွင်းပေးလိုက်တဲ့ Aghanim’s Scepter ဟာ ပုံမှန်အတိုင်း မိမိအသုံးပြုလိုက်တဲ့ Enemy ရဲ့ 400 AoE အတွင်းက အနီးစပ်ဆုံး Enemy Hero တစ်ကောင်ကို ထပ်မံပြီး Lasso ဖမ်းထားပေးမှာဖြစ်ပါတယ်။ အဆိုပါ Unit နှစ်ခုစလုံးဟာ Disable ဖြစ်နေမယ့်အပြင် 1 second ကို 100 Damage နှုန်းသက်ရောက်မှာဖြစ်ပြီး Sticky Napalm ရဲ့ Extra Damage ကို ရရှိစေမယ့် Dps တစ်ခုဖြစ်တာကိုလည်း မမေ့သင့်ပါဘူး။

Overview

Dota မှာ Turn Rate ကိုလျှော့ပေးနိုင်တဲ့ Ability နှစ်ခုသာရှိပါတယ်။ Batrider ရဲ့ Sticky Napalm ဟာ Turn Rate ကို အဆိုးရွားဆုံးလျှော့ပေးမယ့် 20 Mana Cost သာပေးရတဲ့ အားသာချက်များစွာပါတဲ့ Ability ဖြစ်ပါတယ်။  ဒါကြောင့် သင့် Team မှာ Medusa ပါဝင်ခဲ့မယ်ဆိုရင် Stone Gaze ကြောင့် Turn Rate 50% နှေးနေတဲ့ Enemy တွေကို Medusa နဲ့ မျက်နှာမလွှဲနိုင်အောင် Napalm ကို သုံးပေးနိုင်မယ့် Basic Combo တစ်ခုအဖြစ်အသုံးပြုနိုင်ပါတယ်။ အစောပိုင်းကတည်းက မိမိ Lane မှာ Escape အဖြစ်နေနိုင်သလို လိုအပ်ရင်လိုအပ်သလို Aggressive အသုံးပြုနိုင်တဲ့ Firefly ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Batrider ရဲ့ Recommended Item တွေထဲမှာ Tranquil boots, Dagger, Force Staff နဲ့ Eul Staff တို့က ထိပ်ဆုံးကပါဝင်ပါတယ်။ Movement Speed လိုအပ်တဲ့ Initiator ဖြစ်လို့ Tranquil Boots အပြင် Mana Regen, MS Speed တို့အပြင် Enemy Team ရဲ့ Ability များကို ရှောင်ရှားဖို့အတွက် Eul’s Scepter ဟာ စတုတ္ထမြောက်အရေးအပါဆုံး Item တစ်ခုလို့ပြောလို့ရပါတယ်။ Force Staff ကတော့ Pro ကစားသမားများလုပ်ပြနေကျပုံစံအဖြစ် Lasso ဖမ်းထားတဲ့ Unit ကိုမိမိ Team ဘက်ပြန်ပါလာအောင် အသုံးပြုရတဲ့အတွက် ပွဲနောက်ပိုင်းလောက်အထိ အရေးကြီး Item စာရင်းရခြင်းဖြစ်ပါတယ်။ Lasso unit  နဲ့ Batrider ဟာ 400 Range ထက်ပိုပြီးဝေးသွားမယ်ဆိုရင် Lasso ပြတ်သွားမှာဖြစ်လို့ Swap, Meat Hook လို Ability မျိုးနဲ့ Counter လုပ်နိုင်ပါတယ်။ Luxury Item Build အနေနဲ့ကတော့ Battle ထဲဝင်ရမယ့် Initiator တစ်ကောင်အတွက် အရေးပါတဲ့ Lotus Orb, Linken Sphere, Bkb, Shiva Guard တို့ကိုအသုံးပြုနိုင်သလို ပွဲအပြောင်းအလဲဖြစ်စေမယ့် Aghanim’s Scepter ဟာလည်း Batrider အတွက် Item ကောင်းတစ်ခုဆိုတာတော့ မေ့မထားသင့်ပါဘူး။ Octarine Core ကိုရွေးချယ်ခဲ့မယ်ဆိုရင်လည်း Dps များတဲ့ Hero တစ်ကောင်အတွက် အလွန်သင့်တော်တဲ့အပြင် 25% Cooldown Reduction ဟာလည်း Batrider အတွက် မက်လောက်စရာအားသာချက်တစ်ခုဖြစ်စေမှာပါ။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သောကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

www.dotaboo.com