iOS Version 8.1.1 အား Jailbreak ပြုလုပ်ခြင်း

User-Guide9.jpg

အသစ်ထွက် OS Version တစ်ခုဖြစ်တဲ့ Version 8.1.1 အတွက် Jailbreak Tool ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Jailbreak Tool ကတော့ TaiG လို့ ခေါ်ပါတယ်။ TaiG Jailbreak Tool ကို အသုံးပြုပြီး ကိုယ့်ရဲ့ Device ကို Jailbreak မပြုလုပ်မီမှာ လိုအပ်မယ့် အချက်အလက်တွေကို အရင်ဆုံး ဖော်ပြပေးပါမယ်။

ပထမအဆင့်အနေနဲ့ ကိုယ့်ရဲ့ Device မှာရှိနေတဲ့ iOS Version ကို အရင်ဆုံး စစ်ဆေးကြည့်ပါ။

ဒုတိယအဆင့်အနေနဲ့ ကိုယ့်ရဲ့ Device ထဲမှာရှိနေတဲ့ အရေးကြီး အချက်အလက်တွေ မဆုံးရှုံးစေဖို့် Device မှာရှိနေတဲ့ အချက်အလက်တွေကို iCloud ပေါ် ဒါမှမဟုတ် iTune ကိုအသုံးပြုပြီး ကွန်ပျူတာမှာ Backup ပြုလုပ်ပါ။

တတိယအဆင့်အနေနဲ့ ကိုယ့်ရဲ့ဖုန်းမှာ Passcode စနစ်ကို အသုံးပြုထားတယ်ဆိုရင် Passcode စနစ်ကို ပိတ်ပါ။ ထို့အတူ Fine My iPhone ဆိုတဲ့ စနစ်ကိုလည်း ပိတ်ရပါမယ်။ ဒီစနစ်နှစ်ခုကို ပိတ်မထားဘူး ဆိုရင်တော့ Jailbreak ပြုလုပ်ခြင်းအတွက် အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကတော့ Jailbreak မပြုလုပ်မီ သတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။ Jailbreak Tool ဖြစ်တဲ့ TaiG ကို Download ပြုလုပ်ပါ။ Jailbreak Tool ကိုတော့ taig.com မှာ Download ပြုလုပ်နိုင်ပါတယ်။

Download ပြုလုပ်ရရှိပြီ ဆိုရင်တော့ ကိုယ့်ရဲ့ iDevice ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီး iTune ချိတ်ဆက်မှု ရရှိရန် ပြုလုပ်ပါ။ ကွန်ပျူတာနဲ့ ချိတ်ဆက်မှု ရရှိပြီဆိုရင်တော့ TaiG Jailbreak Tool ကို ဖွင့်လိုက်ပါ။ Jailbreak Tool ဖွင့်ပြီးရင်တော့ ပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ပါ။ တရုတ်စာများဖြင့် ဖော်ပြထားတာကို မြင်ရပါလိမ့်မယ်။ Start ကို နှိပ်ပါ။

Jailbreak ကို ဆော့ဖ်ဝဲက အလိုအလျောက် လုပ်ဆောင်ပေးနေ ပါလိမ့်မယ်။ ပြီးရင်တော့ Close ကိုနှိပ်ပါ။

 

ဒါဆိုရင်တော့ Jailbreak ပြီးသွားတဲ့အချိန်မှာ ဖုန်းဟာ သူ့အလိုလို Restart ကျသွားပါလိမ့်မယ်။ ပြီးသွားရင် တော့ Jailbreak ရရှိသွားပြီး ဖုန်းမှာ Cydia ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Jailbreak ရရှိပြီဖြစ်ပြီး Cydia ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။