Amazon ၏ ဂျက်ဖ်ဘီဇော့ကို ကျော်ဖြတ်၍ စတုတ္ထမြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည့် မာ့ခ်ဇူကာ

30A5FC0C00000578-3430402-image-a-45_1454522038239.jpg

မာ့ခ်ဇူကာဘတ်သည် Amazon ၏စတော့ရှယ်ယာ ကျဆင်းမှုကြောင့် ဂျက်ဖ်ဘီဇော့ကို ကျော်ဖြတ်၍ စတုတ္ထမြောက် ကမ္ဘာ့အချမ်းသားဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။

အသက် ၃၁ နှစ်အရွယ်ရှိ မာ့ခ်ဇူကာဘတ်သည် Facebook ၏ စတော့ရှယ်ယာ မြင့်တက်လာမှုနှင့်အတူ ပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာဘီလီယံ ၅၀ အထိ တိုးတက်ခဲ့သည်။ ထို့အပြင် Facebook အတွက် ၂၀၁၆ ခုနှစ်တွင် အောင်မြင်မှုကို ဆက်လက် ရယူထားနိုင်ခဲ့သည်။ Facebook သည် အမေရိကန် စတော့ဈေးကွက်တွင် ရက်သတ္တပတ်အနည်းငယ်ခန့် အခက်အခဲတွေ့ခဲ့သော်လည်း လွန်ခဲ့သည့် လအနည်းငယ်အတွင်း ၉.၅ ရာခိုင်နှုန်း တိုးတက်လာသည်။ ထို့ကြောင့် ဇူကာဘတ်အနေဖြင့် ကမ္ဘာ့ဘီလီယံနာ ပုဂ္ဂိုလ်များစာရင်းတွင် တစ်ပတ်အတွင်း အဆင့် ခြောက်နေရာမှာ လေးနေရာသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ထိုကာလတွင် ဇူကာဘတ်သည် အလုပ်မှ ခွင့်ယူကာ ၎င်း၏မွေးကင်းစ သမီးငယ်လေး မက်ဇီမာနှင့်အတူ အချိန်ကုန်လွန်စေခဲ့သည်။

Amazon ၏ဘီဇော့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၅၉.၇ ဖြင့် စတုတ္ထမြောက်အချမ်းသာဆုံး ဖြစ်ခဲ့သည်။ ယခုအခါတွင် ၎င်း၏ ပိုင်ဆိုင်မှု တန်ဖိုးမှာ ကန်ဒေါ်လာ ၄၉.၁ ဘီလီယံသာရှိတော့သောကြောင့် အချမ်းသာဆုံး ၅ ဦးစာရင်းတွင် ပါဝင်ခြင်း မရှိတော့ပေ။

ဗုဒ္ဓဟူးနေ့က ဘီဇော့သည် တစ်ရက်တည်းဖြင့် ကန်ဒေါ်လာ ၆ ဘီလီယံ ဆုံးရှုံးခဲ့သည်။ ယခုနှစ်၏ ပထမရက် စတော့ရှယ်ယာဈေးကွက်တွင် ကန်ဒေါ်လာ ၁၀.၆ ဘီလီယံတန်ကြေးရှိ စတော့ရှယ်ယာများ ၁၈ ရာခိုင်နှုန်း ထိုးကျခဲ့သည်။

Ref: DailyMail