SwiftKey ကို ကန်ဒေါ်လာ သန်း၂၅၀ ဝန်းကျင်ဖြင့် Microsoft ဝယ်ယူ

sk5-blog-3_main-640x356.jpg

Microsoft သည် မိုဘိုင်း keyboard ဖြစ်သည့် SwiftKey ကို ကန်ဒေါ်လာသန်း ၂၅၀ ခန့်ဖြင့် ဝယ်ယူထားကြောင်း The Financial Times မှ ဖော်ပြထားခဲ့သည်။ Microsoft အနေဖြင့် ၎င်းဝယ်ယူမှုကို ယခုတစ်ပတ်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ Microsoft နှင့် SwiftKey တို့က မှတ်ချက်ပြုရန် ငြင်းဆိုထားသည်။

SwiftKey သည် iOS နှင့် Android ရှိ နာမည်ကျော် keyboard app များအနက် တစ်ခုဖြစ်သည်။ Swiftkey ကို ၂၀၁၀ ခုနှစ်တွင် Android အတွက်ဖြန့်ချိခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် iOS အတွက်ဖြန့်ချိပေးခဲ့သည်။ ထိုအချိန်တွင်ပင် SwiftKey သည် keyboard theme အသစ်များအတွက် in-app ငွေပေးချေမှုကို ကမ်းလှမ်းထားသည်။ SwiftKey သည် ၎င်း၏ အဓိက feature ဖြစ်သော swipe ပြုလုပ်ကာ သုံးနိုင်သည့် keyboard မှာ ဖုန်းများစွာ၌ default option အဖြစ် အသုံးပြုနိုင်ခဲ့သော်လည်း မျှော်လင့်ထားသလောက် ငွေကြေးအောင်မြင်မှု မရရှိခဲ့ကြောင်း Financial Times မှ ဖော်ပြခဲ့သည်။

Microsoft အနေဖြင့် SwiftKey ၏ artificial intelligence သုတေသနကို ပိုမိုစိတ်ဝင်စားသောကြောင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါသတင်းဌာနမှ ဖော်ပြခဲ့သည်။

Ref: TheVerge