The Forest

game.jpg

PC အတွက် ဂိမ်းဖြန့်ချိရေးပိုင်းမှာ Digital Download စနစ်ကို အဓိကအသားပေးလာသလို ဝယ်ယူသူများအနေဖြင့်လည်း Online မှ ဝယ်ယူနှုန်းများလာတာ
နဲ့အမျှ  Single Player ဂိမ်းပဲဖြစ်စေ Co-op သို့မဟုတ် Multiplayer ဂိမ်းပဲဖြစ်စေ development နောက်ဆုံးအဆင့်ကို မရောက်ရှိသေးပေမယ့် ကစားလို သူတွေကြိုတင်စမ်းသပ်ကစားနိုင်အောင် Early Access သို့မဟုတ် Beta Access တွေကို ကြိုတင်ရောင်းချနေတာတွေ့ဖူးမှာပါ။ အချို့ gamer တွေအနေနဲ့ကတော့ ပြီးပြည့်စုံတဲ့ အဆင့် (သို့) Online ဂိမ်းအနေနဲ့ဆိုရင်လည်း နောက်ပိုင်း DLC တွေ၊ Updates တွေထွက်မှာဆိုရင်တောင်မှ beta အပြီး Final Product အဆင့် ရောက်မှကစားလိုကြပေမယ့်  Early Access အဆင့်ကစားသူများအနေဖြင့် developer တွေနဲ့ပူးပေါင်းပြီး bug တွေကို report လုပ်ပေးတာ၊ ကစားနေရင်းနဲ့ပိုကောင်းတဲ့ gameplay features တွေကို အကြံပေး feedback ပေးရတာတွေကို သဘောကျလို့ ကြိုပြီး ဝယ်ကစားကြတာတွေ့ရပါတယ်။ Developer တွေရော ကစားသူတွေအနေနဲ့ပါ Beta နှင့် Alpha အဆင့်မှာ ဝင်ရောက်ကစားရတာကိုနှစ်သက်ကြသလို Tom Clancy’s The Division တို့၊ Star WarsBattlefront တို့အနေနဲ့လည်း main game ထွက်လာရင် အောင်မြင်မှုရအောင် Beta ပိုင်းကို အရမ်းအသားပေးလာကြတာကို တွေ့ရမှာပါ။

Early Access ထွက်ရှိပြီး တစ်နှစ်ခွဲနီးပါးအချိန်မှာတော့ Beta Ver 3.0 အဆင့်ရောက်ရှိနေပြီဖြစ်တဲ့ The Forest ဟာ Steam PC ဂိမ်းတွေထဲမှာ လူကြိုက် အများဆုံးနှင့် ရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုဖြစ်တာကိုတွေ့ရပြီး gameplay features အချို့နှင့် ကြိုတင် စီစဉ်ထားပြီးဖြစ်တဲ့ in-game items အချို့ ပါဝင်သေးခြင်းမရှိပေမယ့် version update အသစ်တိုင်းမှာ gameplay features အသစ်နှင့်အရင် version တွေက ပြု ပြင်သင့်တဲ့ gameplay balance ပိုင်းတွေကို တစ်စိုက်မတ်မတ် ပြင်ဆင်နေလို့ 15$ ဖြင့် Steam က ဝယ်ရတာတန်မယ့် ဂိမ်းတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဂိမ်းရေးလို့မပြီးသေးတဲ့ Final Version အဆင့်မရောက်သေးပေမယ့် ဂိမ်းရဲ့ အဓိကကစားရမယ့်ပုံစံတွေ၊ ဂိမ်းတွင်းအသုံးပြုရမယ့် Survival Skills တွေကတော့ Beta အဆင့်မှာတော်တော်လေး စုံစုံလင်လင် အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။

The Forest ဟာ အရင်က graphics ကောင်းတဲ့ Mobile ဂိမ်းအများစုမှာ အသုံးပြုလေ့ရှိတာတွေ့ရသလို နောက်ပိုင်း graphics အကောင်းစား PC games တွေမှာ
လည်းတွေ့လာရတဲ့ Unity game engine ကို အသုံးပြုထားပါတယ်။ ဂိမ်းကစားဖို့ requirements ပိုင်းလည်း အရမ်းမမြင့်တာတွေ့ရသလို graphics မြင့် ရင်မြင့်နိုင်သလို lighting effects ပိုင်းတွေ၊ သစ်တောတစ်ခုလုံးရဲ့ အသေးစိတ် detailed အချက်အလက်တွေက ကြည့်လို့ကောင်းနေတာတွေ့ရ ပါတယ်။ The Forest ဂိမ်းရဲ့ဇာတ်လမ်းအစမှာတော့ ကစားသူဟာ လူသားစားလူရိုင်းများနေထိုင်ရာ ကျွန်းပေါ်သို့ လေယာဉ်ပျက်ကျ သူခရီးသည် တစ်ယောက်နေရာမှ ကစားရ မှာဖြစ်ပြီး သစ်တောအတွင်းမှာ အတတ်နိုင်ဆုံးရက်ပေါင်းများစွာ အသက်ရှင်အောင် နေထိုင်ရမှာဖြစ်လို့ အခြေခံ gameplay က Minecraft လိုမျိုး ဂိမ်းတွေ ကို နှစ်သက်သူတွေသဘောကျမှာပါ။ Minecraft လိုတော့ မြေကြီးတွေ တူးပြီး Customized Structure မျိုးစုံဆောက်နိုင်မှ ခံတပ်တွေ၊ furniture တွေ၊ လက်နက်နှင့် armor တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Survival Guide အညွှန်းစာအုပ်ပါဝင်သလို Survival gameplay တွေကတော့ ကိုယ် တိုင်ရှာဖွေလေ တွေ့ရှိလေ ပါပဲ။ ကျောက်တုံးနှင့် သစ်ကိုင်းပေါင်းပြီး Spear လက်နက်ဖန်တီးကာ ငါးဖမ်းရတာမျိုး၊ ဖွတ်အကြီးစားတွေကိုဖမ်းပြီး သူတို့အရေခွံနဲ့ armor ပြုလုပ် တာမျိုးအစရှိတဲ့ items creation တွေကကိုယ်တိုင်ရှာဖွေရမယ့် Survival Skill တွေ ဖြစ်ပါတယ်။

ဂိမ်းအမည် The Forest ဆိုတဲ့အတိုင်းပဲ သစ်တောအတွင်းမှာ အဓိကနေရာယူထားတဲ့ ဂိမ်းဖြစ်ပြီး လေယာဉ်ပျက်ကျပြီးပြီးချင်းမှာပဲ အနီးအနားက ပုဆိန်တွေ၊ အစားအသောက်တွေအပြင် briefcase အတွင်းက items တွေ အားလုံးကို အကုန်လိုက်ယူထားပြီး အသက်ရှင်နိုင်ဖို့နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပါတယ်။ သစ်တောအတွင်း သွားလာရင်းသေဆုံးပြီး အခြားခရီးသည်တွေရဲ့ကိုယ်ပေါ်က weapons တွေ၊ items တွေ ရနိုင်သလို၊ အခြား collectibles တွေလည်း ပါဝင်သေးလို့ လက်ရှိအချိန်မှာ missions တွေသစ်တောထဲက လွတ်သွားတဲ့ဇာတ်သိမ်းတွေ၊ အခြား ending မျိုးတွေမပါဝင်သေးဘဲ survival gameplay အသားပေးဖြစ်ပြီး အရင်အစောပိုင်း version မှာမပါဝင်ခဲ့တဲ့ online multiplayer co-op mode လည်း ပါဝင်လာပါပြီ။ ကစားသူအချင်းချင်းပူးပေါင်းကစားပြီး ရန်သူတွေ ရန်ကကာကွယ်ဖို့ရော တိုက်ခိုက်ဖို့ပါစီစဉ်နိုင်ပေမယ့် ကစားရတာအရမ်းမလွယ်သွားအောင်တော့ တစ်ယောက်အိပ်တစ်ယောက်နိုးပုံစံဆော့မရဘဲ အိပ်ရင်နှစ်ယောက်စလုံးအိပ်ရမယ့် option ပဲ ထည့်ပေးထားပါတယ်။

သစ်တောနဲ့ လိုဏ်ဂူများအ တွင်းနေထိုင်သူတွေကတော့ ရန်သူအသားစား Cannibal လူရိုင်းများဖြစ်ပြီး A.I ပိုင်းကလည်းကောင်းမွန်ကာ သဘာဝကျကျတွေးခေါ်
နိုင်တာတွေ့ရပါတယ်။ စခန်းချဖို့ Camp ပုံစံမျိုးစုံကိုတည်ဆောက်နိုင်မှာဖြစ်သလို Tree House လိုမျိုး သစ်ပင်ပေါ်ကအိမ်အသေး စားတွေပါ ဆောက် လာနိုင်ပြီဖြစ် တာတွေ့ရပါတယ်။  ဗိုက်ဆာရင်ပြတဲ့ Hunger Meter နဲ့ Stamina Bar တို့ပါဝင်ထားလို့ အဆာလွန်ပြီး Game Over မဖြစ်အောင် သစ်သီးနှင့် တိရစ္ဆာန် အသေး စားတွေကို ဖမ်းယူစားသောက်ရမှာဖြစ်ပြီး နောက်ပိုင်း update တွေမှာ မိကျောင်းလိုမျိုး ရန်ပြန်ပြုလို့ရမယ့် အကောင်တွေ ထည့်ထားပေးပါတယ်။ အဆိပ်သင့် အပင်တွေ မစားမိအောင်နဲ့ ရောဂါကူးစက်ခြင်း မခံရအောင်တော့ သတိထားရမှာပါ။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ရန်သူတွေက ပုံမှန်လူရိုင်းတွေ တင်မဟုတ်ဘဲခြေတွေလက်တွေအများကြီးနဲ့အကောင်ဆန်းတွေလည်းပါဝင်လို့ ResidentEvil တို့ Silent Hill တို့လို Supernatural Horror ဂိမ်းပရိ သတ်တွေက သဘောကျကြဦးမှာ ဖြစ်ပါတယ်။

The Forest ဂိမ်းဟာ Full Version အဆင့်တောင်မရောက် သေးတဲ့ Beta ဂိမ်းဆိုပေမယ့် ထူးခြားတဲ့ gameplay, ကောင်းမွန်တဲ့ graphics နှင့် ကြောက်စရာ cannibal လူရိုင်းတွေကြောင့် Survival Horror ဂိမ်းနှစ်သက်သူတွေ ကြိုတင်ကစားထားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။